Tuesday, June 18, 2013

ပြည်ထောင်စု တိုင်းရင်း သား ပေါင်းစုံသဘောထား အမြင်နှီးနှောဖလှယ်ပွဲတင်ကျင်းပ

စောလခင်မူး။ ။ ဇွန်လ၁၅ရက်။ (ကရင်ကျောင်းသားများကွန်ယက်)
 

လက်ရှိ နိုင်ငံရေးအခြေအနေမှ သိသာမြင်သာသည့် တိုးတက်မှုရရှိရန် ရည်ရွယ်ပြီး ပြည်တွင်း၊ ပြည်ပရှိ ပြည်ထောင်စု  တိုင်းရင်းသားပေါင်းစုံ ပါဝင်သော နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ယနေ့ ဇွန်လ ၁၅ရက်နေ့တွင် ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာ၌ စတင်ကျင်းပနေပြီဖြစ်သည်။


ထိုအစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများသုံးသပ်ချက်၊ လက်ရှိ လုပ်ဆောင်နေသော ငြိမ်းချမ်းရေး ဆွေးနွေးချက်များပေါ် သုံးသပ်ချက် ၊ ၂၀၀၈ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ  အပေါ်သုံးသပ်ချက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လက်ရှိ လုပ်ဆောင်နေသော
အပစ်အခတ်ရပ်စဲရေးသုံးသပ်ချက်တို့ကိုဆွေးနွေးသုံးသပ်သွားမည်ဖြစ်သည်။

ထို့အပြင် အစိုးရနှင့်  နိုင်ငံတကာဆက်ဆံရေး သုံးသပ်ချက်၊ အစိုးရနှင့် အတိုက်အခံပါတီများ၏ ဆက်ဆံရေးအပေါ် သုံးသပ်ချက်၊ လက်ရှိ အစိုးရ၏ ဒီမိုကရေစီဖေါ်ဆောင်မှု အပေါ် သုံးသပ်ချက်၊ တိုင်းရင်းသား ဒေသများတွင် စစ်အင်အားတိုးချဲ့ ထားမှုနှင့်စစ်ရေး လှုပ်ရှားမှုအပေါ် သုံးသပ်ချက်၊ စစ်မှန်သောဖက် ဒရယ်ပြည်ထောင်စုပေါ်ပေါရးအစိုးရ၏ သဘောထားအမြင်၊ ငြိမ်းချမ်းရေးအဖွဲ့များအပေါ် ပြည်သူတို့၏ အမြင်သဘောထားနှင့် ဘာသာရေးပဋိပက္ခများကို ဆွေးနွေးသွားမည်ဖြစ်သည်။

၃ရက်ခန့်ကြာမည့်၎င်း အစည်းအဝေးသို့ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ) စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောလားပွယ်၊ ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အို/ကေအိုင်အေ)မှ
ဗဟိုကော်မတီ ၀င်ဗိုလ်မှူးကြီးဂျိမ်းစ်လွန်းဒေါင်၊ တစ်ခြားသောတိုင်းရင်းသား လက်ကိုင်မဟာမိတ်အဖွဲ့များ၊
နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့်ဌာန ဆိုင်ရာအစိုးရ၀န်ထမ်းများအပါအ၀င်
အဖွဲ့အစည်းပေါင်း  ၂၀ကျော်တက် ရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ