Monday, June 24, 2013

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ကရင်လူငယ်များ၏ ပါဝင်မှု ဆွေးနွေးပွဲတစ်ရပ်အား ကျင်းပပြီးစီး

ဓါတ်ပုံ KSNG
ဇွန်လ ၂၄ရက်။ စောဖိုးထူး (ကရင်ကျောင်းသားများ ကွန်ယက်)
 
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ကရင်လူငယ်များ၏ပါဝင်မှု အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ယခုလ ဇွန်လ ၁၂ နေ့မှ ၁၅ရက်နေ့အထိ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ဖူးစောထူး ခန်းမရုံ၊ မေတ္တာရပ်ကွက်တွင် ကျင်းပခဲ့သည်။ 

အစည်းဝေးပွဲမှ လက်ရှိကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)နှင့် အစိုးရတို့အကြား ပြုလုပ် လျှက်ရှိသော ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ကရင်လူငယ်များအနေဖြင့် မည်သည့် အခန်းကဏ္ဍတွင် ပါ ၀င် ကူညီနိုင်ရန်ကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ဦးဆောင်စီစဉ်သူ ကရင်လူငယ်ဖွံ့ဖြိုးရေးခေါင်းဆောင် စောအယ်မွီးက“အခုအချိန်မှာ ကျနော်တို့ ခေါင်းဆောင်တွေနဲ့ အစိုးရတို့ ပြုလုပ်နေကြတဲ့ ငြိမ်းချမ်းလုပ်ငန်းစဉ်ထဲမှာ ကျနော်တို့ လူငယ်တွေလည်း ကိုယ်တတ်နိုင်တဲ့ဘက်က တစ်ထောင့်တစ် နေရာကနေ ၀ိုင်းရံဖို့ လိုအပ်တယ်။ ဒါကြောင့် ပြည်တွင်း ပြည်ပရှိ ကျနော်တို့ လူငယ်တွေ တွေ့ဆုံပြီး အဖြေရှာဖို့ ဒီအစီအစဉ်ကို လုပ်ရတာဖြစ်တယ်”ဟု ပြောသည်။ 

အဆိုပါ ဆွေးနွေးပွဲတွင်  ကရင်လူငယ်များ ကွန်ယက်(KYNG) ဟူသော အဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းနိုင် ခဲ့ပြီး ယခုကဲ့သို့ ဖွဲ့စည်းလိုက်ခြင်းအားဖြင့် ရှေ့ဆက်တွင် ကရင်လူငယ်များ အချင်းချင်း တစ်ဦးနှင့် တစ်ဦးပိုမိုပြီးရင်းနှီးစွာ ဆက်ဆံလာနိုင်သည့်အပြင် သတင်းအချက် အလက်များ ကိုလည်း  ပိုမိုလုပ် ဆောင်နိုင်လိမ့်ဟု ယုံကြည်ကြောင်း စောအယ်မွီးက ဆက်ပြောသည်။ 

ဖားအံခရိုင်မှ ကရင်လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ စေားဖိုးဝါးက “ကျနော်တို့ အခုဖွဲ့လိုက်တဲ့ KYNG Network ကနေတဆင့် ကေအဲန်ယူဦးဆောင်ပြီး လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးအစီစဉ် peace process မှာပေါ့နော်။ သူတို့အတွက်တိကျတဲ့ သတင်းမှန်တွေကို ရရှိဖို့် ကျနော်တို့က ပို့ပေးချင်တာပေါ့ နော်”ဟု ပြောသည်။

ယခုလို လုပ်ဆောင်ရာတွင် ခေါင်းဆောင်များ၏ ကူညီထောက်ပံမှုများကိုလည်းများစွာလို အပ် ကြောင်း သူက ဆက်လက် ပြောကြားသည်။

၎ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် ယင်းအစည်း အဝေးပွဲတွင် ချစ်ကြည်ရေး ဘေားလုံးပွဲများ၊ ငြိမ်းချမ်း ရေးနှင့်ပတ်သတ် သောပြဇာတ်တိုများကို ကျင်ပပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင် ဒူးလေလေဖျော် ဖြေရေး အဖွဲ့နှင့် KAT(Karen Artist Team) အဖွဲ့တို့မှ တေးသီချင်းများဖြင့် လာရောက် သီဆိုဖျော်ဖြေ ပေးခဲ့ ကြောင်းလည်း သိရသည်။

ညောင်လေးပင် ခရိုင်တွင် ပထဦးဆုံးအကြိမ်အဖြစ် ကျင်ပပြုလုပ်သည့် ထိုဆွေးနွေးပွဲသို့ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးဗဟိုမှ ပဒိုစောလှထွန်း၊ ကျောက်ကြီးမြို့နယ်ဥက္ကဌ ပဒိုနဲထူးဗျိုင်း၊ တိုင်း ရင်းသားဝန်ကြီး ဖူးဂျူးဘလီစယ်လတို့လည်း တက်ရောက်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ ကရင်လူငယ် ခေါင်းဆောင်များနှင့် နယ်စပ်အဖွဲ့အစည်း ကိုယ်စားလှယ်များ အပါအ၀င် အားလုံးပေါင်း ၂၀၀ ခန့်တက် ရောက်ခဲ့ကြသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ