Monday, June 24, 2013

ကမ္ဘာ့ဒုက္ခသည်များနေ့အား မယ်လးစခန်းတွင် ကျင်းပပြုလုပ်

ဓါတ်ပုံ KSNG
ဇွန်လ ၂၃ ရက်။ စောလောဒူး(ကရင်ကျောင်းသားများ ကွန်ယက်)
ယခုနှစ်တွင်ကျရောက်သော ကမ္ဘာ့ဒုက္ခသည် များနေ့ကို ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လကရင်ဒုက္ခ သည်စခန်းတွင်၊ ဇွန်လ ၂၀ ရက်နေ့ နံနက်(၇)နာရီ မှ (၁၀) နာရီအထိကျင်းပခဲ့သည်။

ယခုနှစ်တွင်ပြုလုပ်သော ကမ္ဘာ့ဒုက္ခသည်များနေ့ ၏ ဆောင်ပုဒ်မှာ “စစ်ဘေးဒဏ်ကြောင့် ခွဲခွါနေရ သော မိသားစု ”(Family torn apart from war is too may)ဖြစ်ပြီး ထိုဆောင်ပုဒ်နှင့်အညီ ယခုတိုင် တည်ငြိမ် အေးချုမ်းသောဘ၀ကို ပိုင်ဆိုင်ခွင့် မရ ရှိသေးကြောင်း မယ်လစခန်း ဥက္ကဌ စောအောနက်စ် ကပြောသည်။

သူက “ကျနော်တို့ကရင် လူမျိုးတွေဟာ ပြည်တွင်းထဲမှာ တင်မကဘူး၊ ပြည်ပကိုပါထွက်ပြီး ပြေးရှောင် လာခဲ့တာဟာ အခုနဲ့ဆိုရင် သုံးဆယ့်ကိုးနှစ် တောင်ရှိလာပြီ ဒါပေမဲ့အခုထိ ကနော်တို့အတွက် လုံခြုံစိတ်ချရမယ့် နေရာရယ်လို့မရှိသေးဘူး”ဟု ပြောသည်။ဒုက္ခသည်များအား ပြည်တွင်းသို့ ပြန်လည်နေရာ ချထားပေးရေးအစီအစဉ်နှင့် ပတ်သတ်၍ ယူအန်နှင့်ထိုင်းတာဝန်ရှိသူမျာ၏  ဆုံးဖြတ်ချက်တခုထဲဖြင့် မပြုလုပ်သင့်ဘဲ ဒုက္ခသည် များ၏  စိတ်ဆန္ဒ အရသာ လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

ပြည်တွင်းတွင် အခြေအနေ တည်ငြိမ်လုံခြုံမှု လုံးဝမရှိသေးသောကြောင့် မိမိဒေသသို့ မပြန်ရဲသေးသကဲ့သို့ တတိယနိုင်ငံသို့လည်း ထွက်ခွါဖို့စိတ်ဆန္ဒ လုံးဝမရှိကြောင်ငး စခန်းအတွင်း (၂၅)ကြာနေ ထိုင် သူ နော်နီးနီးက ပြောသည်။

သူမက “ကျမ ဒီမှာလာနေတာ ၂၅ နှစ်ကျော်ပြီလေ သူများနိုင်ငံ မှာလာနေတာလည်း ကြာပြီ။ ကိုယ့် ဒေသကိုပြန်ဖို့ကလည်း အခုထက်ထိ မပြန်ရဲသေးဘူးဖြစ် နေတယ်လေ။ ဖြစ်နိင်ရင် ဒီမှာပဲနေပြီး အခြေအနေကောင်းမှပဲ ပြန်ဖို့စဉ်းစားတော့မယ်”ဟု ပြောသည်။

ဒုက္ခသည်စခန်းသည် အချိန်ကြာလာသည်နှင့်အမျှ စခန်းအတွင်း လူဦးရေများလာသဖြင့် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများလည်း ယခင်ကဲ့သို့ ကောင်းမွန်ခြင်း မရှိတော့ကြောင်း သူမက ဆက်ပြောသည်။

စခန်းအတွင်း ပညာရေးအခြေအနေနှင့် ပတ်သက်၍လည်း ဇိုမီးအမျိုးသားလူမှုရေးအဖွဲ့ ဥက္ကဌ ဇိုမီးပေါပေါလ်ကအခုလိုပြောသည်။

သူက "စခန်းတွင်းမှာ ပညာရေးအခြေအနေတွေ ဒီထက်ကောင်းအောင်ရရှိဖိုရန်အတွက် အစိုးရမဟုတ် တဲ့အဖွဲ့ အစည်တို့ နိုင်ငံတကာအဖွဲ့ အစည်းတွေက ၀ိုင်းဝန်းလုပ်ဆောင်ပေးသင့်တယ်ု”ဟု ပြောသည်။
အဆိုပါ ကမ္ဘာ့ ဒုက္ခသည်များနေ့တွက် ကျင်းပသောအစီအစဉ်တွင် တိုင်းရင်သားရိုးရာအကများ၊  ဒုက္ခသည်များဆိုင်ရာ ပြဇာတ်အစီအစဉ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး စခန်းတွင်းရှိ တာဝန်ရှိသူများအပါအ၀င် လူပေါင်း ၃၀၀၀ ကျော်တက်ရောက်ခဲ့သည်။

ယခုကျင်းပသော ကမ္ဘာ့ဒုက္ခသည်များနေ့သည် ၃၉ ကြိမ်မြောက်ဖြစ်ပြီး၊ မယ်လစခန်းသည်၊ ထိုင်းမြန်မာနယ်စပ် ရှိကရင်ဒုက္ခသည် ၇ ခုအနက်အကြီးဆုံးလဲ ဖြစ်ကာလူးဦးရေအားဖြင့် လေးသောင်ကျော် ရှိကြောင်လဲ သိရသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ