Saturday, August 20, 2011

ဒုက္ခသည် အချင်းချင်း ကူညီထောက်ပံ့ကြ

မယ်ရာမိုစခန်းက နေအိမ်မျောပါသွားတဲ့ ရေဘေးဒုက္ခသည်တွေ နံလန်ပြထူနိုင်ဖို့ အတွက် အုန်းဖြန် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကနေ အလူငွေကောက်ခံပြီး အခုလ ၁၄ရက်နေ့မှာ ထိုင်းဘတ်ငွေ ခုနှစ်သောင်း လှူဒါးနိုင်ခဲ့တယ်လို့ အုန်းဖြန်စခန်း ဒုဥက္ကဌ မန်းစောတုကပြောပါတယ်။



“ကျနော်တို့ စခန်းကော်မတီတွေတစ်ယောက် နည်းနည်းနဲ့ ဒုက္ခသည်စခန်းသူစခန်းသားတွေရဲ့ စေတနာ တွေပဲစုတယ်။

ဒီထက်ကူညီချင်ပါတယ် သူတို့လိုတဲ့ အဝတ်အစား နဲ့ တာလာပတ်မိုးကာတို့ပေါ့ ဒါပေမယ့် လမ်းခရီးကဝေးနေတော့

ကားငှါးရင်ပိုကုန်သွားတယ်လေ ဒါကြောင့် အလှူငွေပဲပို့သွားတယ်”



အိုင်ဂျီအိုနဲ့ ဘာသာရေးအဖွဲ့ အစည်းများက ရေဘေးသင့် ဒုက္ခသည်တွေ လိုအပ်နေတဲ့ အဝတ်အစား

အရေးပေါ်လိုအပ်တဲ့တာလပတ်မိုးကာနဲ့ အခြားအိမ်သုံးပစ္စည်းတွေ ပေးလှူတာဖြစ်ပြီး စခန်းတွေမှာ

တော့ လမ်းခရီး ဝေးလို့ ငွေကြေးတွေပဲထောက်ပံ့တာများတယ်လို့ မူယူကရင်ဒုက္ခသည်ကော်မတီ

ဥက္ကဌ ကပြောပါတယ်။



မယ်ရာမိုစခန်း ရေဘေးသင့်ဒုက္ခသည်တွေအတွက် အိုင်ဂျီအို နဲ့ ဘာသာရေးအဖွဲ့အစည်းများ

ကလည်း ထောင့်ပံ့မှုတွေ ရရှိနေပြီးဖြစ်တယ်လို့ မူယူကရင်ဒုက္ခသည်ကော်မတီ ဥက္ကဌ စောတူတူက

ပြောပါတယ်။



ရေကြီးတဲ့ကာလမှာ သယ်ယူပိုဆောင်ရေးဖြစ်တဲ့ ရိက္ခာနဲ့လူနာတွေအတွက် အကျွေနဲ့ငှါးထားတဲ့

လှေ တွေနဲ့ စခန်းမှာ ပျက်စီးတဲ့ လမ်းတံတားတွေ ပြန်ပြင်ရာ တင်ထားတဲ့ကုန်ကျစရိတ်အကျွေး

ဘတ်တစ်သိန်း လောက်ကို ပြန်ဆပ်ဖို့ အတွက် သာလုံလောက်တယ်လို့ စောတူတူကပြောပါတယ်။



လောလောဆယ်တော့ မယ်ရာမိုစခန်းက နေအိမ်မျောပါသွားတဲ့ ရေဘေးဒုက္ခသည်တွေ ယာယီခိုလှုံ

နေတဲ့နေရာဖြစ်တဲ့ စာသင်ကျောင်းနဲ့ ဘုရားကျောင်း ကပြောင်းပြီး တာလပတ် မိုးကာနဲ့ ပြုလုပ်ထား

တဲ့ တဲလေးတွေမှာ နေထိုင်နေတယ်လို့ မူယူကရင်ဒုက္ခသည် ကော်မတီ ကပြောပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ