Thursday, September 22, 2011

ကေအဲန်အယ်လ်အေနှင့် ဘီဂျီအက်ဖ် ပစ်ခတ်မှုအတွင်း အရပ်သား ၁ဦးသေဆုံး

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၏မြောက်ဘက်ခြမ်းရှိထီးဝါ့ပလောကျေးရွာအနီး၌စက်တင်ဘာ
လ(၁၇)ရက်နေ့လွဲပိုင်းတွင်နယ်ခြားစောင့်တပ်ဖွဲ့နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ
တော်(KNLA)တပ်ဖွဲဝင်များအကြားပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင်အရပ်သားတစ်ဦးလက်နက်ထိ
မှန်၍ သေဆုံးခဲ့သည်ဟု သိရ သည်။

နယ်ခြားစောင့်တပ်(၁၀၁၇)တပ်ရင်း
မှတပ်ဖွဲ့ဝင်တချို့သည်KNLAတပ်
ရင်း(၁၀၁)မှ တပ်ဖွဲ့ဝင်များအားထီး
ဝါ့ပလောကျေးရွာအနီး၌၀င်ရောက်
ပစ်ခတ်ခဲ့ရာတွင် KNLAဘက်က
လည်းပြန်လည်ပစ်ခတ်မှုကြောင့်လူ
နေတဲအိမ်ထဲရှိအရပ်သားတစ်ဦးယ
ခုလိုထိမှန်သေဆုံးခြင်းဖြစ်သည်ဟု
KNLAဘက်ကအတည်ပြုပြောဆို
သည်။KNLAတပ်ရင်း(၁၀၁)မှတပ်မှူးတစ်ဦးက“သူတို့(ဘီဂျီအက်ဖ်)ကကျနော်တို့ဝင်ပစ်တော့ကျနော်တို့လူတွေတန်ပြန်ပစ်ခတ်တယ်ပေါ့။


ပစ်ခတ်မှု ဖြစ်ပွားတာ ၅မိနစ်၆မိနစ်လောက်ပဲရှိမယ်။ပစ်ခတ်မှုတွေအပြီးမှာသိရတာကတော့
ဆွေမျိုးဆီကိုလာလည်တဲ့အခြားဒေသကရွာသားတစ်ဦးသေသွားတယ်။

အသက်၃၇ကျော်လောက်ရှိမယ်။”ဟု ပြောသည်။အဆိုပါပစ်ခတ်မှုတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု
တစုံတရာမရှိသော်လည်းယခုလိုအရပ်သားတစ်ဦးအကြောင်းမဲ့သေဆုံးသွားသည့်အပေါ်၎င်း
တို့တပ်ဖွဲ့အနေဖြင့်အလွန်စိတ်မကောင်းမိကြောင်း၎င်းတပ်မှူးကဆက်ပြောသည်။

ထိုနေ့မနက်တွင်လည်းမြ၀တီမြို့နယ်၊တံတားကျိုးနားရှိအစိုးရစစ်တပ်ခမရ(၃၅၅)နှင့်ခမရ
(၃၅၆) တပ်ရင်းနေရာအကြားတွင်နယ်ခြားစောင့်တပ်များစီးနင်းလာသည့်ကားတစ်စီးကိုကရင်
တပ်ဖွဲ့မှဆွဲမိုင်းများဖြင့်တိုက်ခိုက်ပစ်ခတ်ခဲ့ရာလက်ရှိအချိန်ထိထိခိုက်မှုအခြေအနေကိုတော့မ
သိရှိရသေးပေ။

ထို့အပြင်မြ၀တီမြို့၏ တောင်ဘက်ခြမ်းဝေါ်လေဒေသ၊၀ါ့မီထာ့ရွာအနီးရှိထင်းရှူးကုန်းနေရာ
တွင်ယမန်နေ့ ညနေ၅နာရီခန့်ကတိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(ဒီကေ
ဘီအေ)နှင့် အစိုးရစစ်တပ်တို့၏ ဖြစ်ပွားခဲ့သည့်မိနစ်၃၀ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာအစိုးရ
တပ်ဖက်မှ ၂ဦး ဒဏ်ရာပြင်းထန်သလိုဒီကေဘီအေဘက်မှလည်း၁ဦးထိခိုက်မှုရှိသည်ဟုသိရ
သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ