မီးယားလိဂ်သို့ ပြန်ခေါ်ရန်ကြိုးစားနေသည်တော့တင်ဟမ်အသင်းနှင့်QPRအသင်းတို့အား
ကာယကံရှင်မှမည်သို့မှ ခွန်းတုန့်မပြန်သေးသော်လည်းသတင်းများ၏အဆိုအရမူလာမည့်
လအနည်းငယ်အတွင်းဆုံးဖြတ်ချက်ချသွားနိုင်ကြောင်းဖေါ်ပြကြသည်။
လက်ရှိအမေရိကန်ကလပ်ဂလက်စီတွင်ကစားနေသည့်
ဒေးဗစ်ဘက်ခမ်း၏စာချုပ်
သက်တမ်းမှာလာမည့်နိုဝင်
ဘာတွင်ကုန်ဆုံးမည် ဖြစ်
သော်လည်းအသင်းကသက်
တမ်းဆက်တိုးရန်ဆန္ဒရှိနေ
သည် ။သို့သော် ဒေးဗစ်ဘက်
ခမ်းသည်သူ၏ကစားသမား
ဘ၀နောက်ဆုံးရက်များကို
ပရီးမီးယားလိဂတွင်ကုန်ဆုံး
ရန်ဆန္ဒရှိနေပြီးသူ့အားအမှန်
တကယ်ခေါ်ယူခြင်နေသည့်
စပါးလ်အသင်းနှင့်ရင်းနှီးမြှုပ်နှံမှု့များစွာပြုလုပ်လာသည့်တန်းတက်QPRအသင်းတစ်သင်း
သင်းတွင်ဇန်န၀ါရီအပြောင်းအရွေးကာလရောက်လာခြေရှိနေသည်။
စပါလ်းအသင်း၏မန်နေဂျာရက်နပ်နှင့်QPRသူဌေးTony Fernandesတို့မှာလည်းကစား
သမားအားခေါ်ယူရန်ကြိုးစားနေသည့်အကြောင်းတရားဝင်ထုတ်ဖေါ်ပြောဆိုပြီး
လည်းဖြစ်သည်
ဟယ်ရီရက်နပ်က “ဒေးဗစ်ဘက်ခမ်းသာကျွန်တော်တို့အသင်းကိုရောက်လာမယ်ဆိုအသင်း
အတွက်ကစားသမားအနေနဲ့ရော ၊အသင်းကိုဘက်ပေါင်းစုံကနေမြင့်တင်ပေးနိုင်မယ့်သူအ
ဖြစ်ပါကျွန်တော်ကတော့ ရှု့မြင်ထားပါတယ် ။
သူရောက်လာခြင်းအားဖြင့်လက်ရှိကစားနေတဲ့လူငယ်ကစားသမားတွေအတွက်ပါနမူနာယူစ
ရာကစားသမားကောင်းအဖြစ်ဦးဆောင်မှု့လည်းပေးနိုင်ပါလိမ့်မယ် ။
သူဟာယခုထက်တိုင်အကောင်းဆုံးအဆင့်အတန်းနဲ့ကစားနိုင်ဆဲပါ ”ဟုပြောကြားသွားခဲ့သ
လို..။
QPRအသင်းပိုင်ရှင် Fermamdes ကလည်း“သူ့ကိုခေါ်ယူနိုင်ရေးကတော့ကျွန်တော်တို့အ
တွက်ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပါလိမ့်မယ် ၊ဒေးဗစ်ဘက်ခမ်းအနေနဲ့ပရီးမီးယား
လိဂ်ကိုတကျော့ပြန်လာမယ်ဆိုရင်အသင်းကြီးတစ်သင်းဆီကိုသာပြောင်းဖို့ဆန္ဒရှိနေမယ်ဆို
တာကိုတော့ကျွန်တော်ယုံပါတယ်
ဒါပေမယ့် ကျွန်တော်တို့အနေနဲ့လည်းအသင်းကိုရည်မှန်းချက်ကြီးကြီးမားမားထားပြီ ပြုပြင်
ပြောင်းလဲမှု့တွေလုပ်နေတာပဲလေ၊ ဒီကိုရောက်လာရင်အသင်းရဲ့ရှေရေးအတွက်သူ့အနေနဲ့
လည်းအစိတ်အပိုင်းတစ်ခုအနေနဲ့အားဖြည့်ပေးသွားနိုင်တာပေါ့ ၊အဲ့ဒီအချက်ကသူ့ကိုဆွဲ
ဆောင်နိုင်လိမ့်မယ်လို့တော့မျှော်လင့်ပါတယ် ၊ဒါကတော့ကျွန်တော့်ဆန္ဒပါ ။
အရေးကြီးတာတချက်ကတော့ Neil Warnock (QPR အသင်းမန်နေဂျာ )ရဲ့ဆုံးဖြတ်ချက်ပါ ၊
သူ့လုပ်ပိုင်ခွင့်ကိုတော့ကျွန်တော်ဝင်ရောက်စွပ်ဖက်မှာမဟုတ်ပါဘူး”ဟုပြောကြားသွားသည် ။
မည်သို့ပင်ဖြစ်စေစပါလ်းအသင်းကဒေးဗစ်ဘက်ခမ်းကိုခေါ်ယူခြင်သည်မှာ ပြီးခဲ့သည့်နှစ်များ
ကတည်းကဖြစ်ပြီး ၊ပိုင်ရှင်သစ်လက်ထက်တွင်အပြောင်းအလဲများစွာ ပြုလုပ်ရန်တာစူလာနေ
သည့်တန်းတက် QPR အနေဖြင့်လည်းဒေးဗစ်ဘက်ခမ်းကဲ့သို့ခြေစွမ်းခြေစအပြင်အရှိန်အ၀ါပါ
ကြီးမားသည့်ကစားသမားတစ်ယောက်ခေါ်ယူနိုင်ခြင်းဖြင့်ပြောင်းလဲမှု့အတွက်အရေးပါသည့်
ခြေတစ်လှမ်းကိုစတင်လှမ်းနိုင်လိမ့်မည်ဖြစ်သည် ။
No comments:
Post a Comment