Thursday, September 22, 2011

၂နှစ်သား ကလေးမလေးကို မုဒိမ်းပြုကျင့်သူ အရေးယူခံရ

ထိုင်းနိုင်င်ရတ်ချဘူရီခရိုင်စွန်ဖုမြို့နယ်အတွင်းရှိထမ်းဟင်ဒုက္ခသည်စခန်းတွင်၂နှစ်အရွယ်မိန်း
ကလေးကိုအဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ဦးလေးတော်စပ်သူကိုထိုင်းအာဏာပိုင်တွေယမန်နေ့က
ဖမ်းဆီးခေါ်ဆောင်သွားပြီလို့စခန်းမှအမည်မဖော်လိုတဲ့စခန်းသူတစ်ယောက်ကပြောပါတယ်။

ထမ်းဟင်စခန်းဇုံ(၃)ရပ်ကွက်(၁)မှာ
နေထိုင်သူအသက်၃၅နှစ်အရွယ်
စောကျော်ကပေက၁၉
ရက်နေ့နေ့လည်ကအရက်မှုးပြီးမိ
မိဇနီးဘက်မှတော်စပ်သောအ
သက်၂နှစ်အရွယ်တူမလေးကိုအဓ
မ္မပြုကျင့်ခဲ့တယ်ဆိုတဲ့အမှုနဲ့အာဏာ
ပိုင်တွေကညနေခင်းမှာပဲဖမ်းဆီး
သွားပြီးစွန်ဖုမြို့ရဲလက်ထဲအပ်လိုက်
တယ်လို့သူမပြောပြပါတယ်။“
သူ့ပြဿနာကယူအဲကနေတိုက်ရိုက်စခန်းကော်မတီတွေအသိပေးတယ်လေစွန်ဖုမြို့ရဲတွေကသူ့ကိုထိမ်းထားပြီ်းနောက်တရက်မှာစခန်းထဲမှာပြန်ခေါ်တယ်။

သူကျူးလွန်ခဲ့တဲ့အမှုကိုပြန်လုပ်ပြခိုင်းပြီးတော့ချက်ချင်းပြန်ခေါ်သွားတယ်။ကလေးမကတော့
အပြင်းအထန်ခံစားရမှာပေါ့စွန်ဖုမြို့နယ်ဆေးရုံမှာချက်ချင်းသွားရောက်ပို့ဆောင်လိုက်ရတာ
ကို”အဲ့ဒီကလေးမကစခန်းဆေးရုံမှာသွားရောက်စစ်ဆေးကြည့်တဲ့အခါအဓမ္မကျင့်ခံထားရတဲ့
လက္ခဏာတွေတွေ့ရှိရလို့ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ(IRC)အဖွဲ့ရဲ့အကူအညီနဲ့စွန်
ဖုမြို့နယ်ဆေးရုံမှာပို့ဆောင်ခဲ့ရတယ်လို့ယင်းကပြောပါတယ်။

မုဒိမ်းမှုကျူးလွန်ခဲ့တယ်ဆိုတဲ့စောကျော်ကပေရဲ့မိသားစုဝင်တွေကတတိယနိုင်ငံမှာသွား
ရောက်နေထိုင်ကြပြီးသူကယူအဲန်လက်မှတ်မရှိသေးတဲ့အတွက်စခန်းမှာတစ်ယောက်ထဲကျန်
ရစ်နေတာဖြစ်ပါတယ်။

ဒီလိုဒုက္ခသည်စခန်းမှာမုဒိမ်းမှု၊လူသတ်မှု၊မူးယစ်ဆေးဝါးမှုနှင့်လူကုန်ကူးမှုပြဿနာတွေကျူး
လွန်သူတွေကို ထိုင်းနိုင်ငံရဲ့တရားဥပဒေအတိုင်းအရေးယူဆောင်ရွက်ဖို့ထိုင်းအာဏာပိုင်များ
ထံအပ်နှံလေ့ရှိပြီးအရင်ကလည်းထမ်းဟင်ဒုက္ခသည်စခန်းမှာဆယ်ကျော်သက်မိန်းကလေးကို
ကျူးလွန်တဲ့ မုဒိမ်းမှုတကြိမ်ဖြစ်ပွားခဲ့ဖူးတယ်လို့သိရပါတယ်။

ဇုံ၁၊၂၊၃ခွဲပြီးရပ်ကွက်ပေါင်း၁၅ရပ်ကွက်ရှိတဲ့ထမ်းဟင်ဒုက္ခသည်စခန်းမှာလက်ရှိအချိန်ကဒုက္ခ
သည်ဦးရေ၈,၇၂၆ ဦးရှိတယ်လို့ကရင်ဒုက္ခသည်ကော်မတီ(KRC) မှတ်တမ်းအရသိရတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ