Saturday, October 15, 2011

ဒုက္ခသည် ကျောင်းဆရာ၊ ဆရာမတွေ အဆင်မပြေဘူး

ထိုင်း-မြန်မာနယ်စပ် မယ်လကရင်ဒုက္ခသည်စခန်းမှာကမ္ဘာ့ကျောင်းဆရာများနေ့ကိုပြုလုပ်ပြီး
ကျောင်းသား၊ကျောင်းသူတွေကျောင်းဆရာ၊ဆရာမအပါအဝင်လူပရိဿတ်တစ်သောင်းကျော်
တက်ရောက်ကြပြီးကျောင်းဆရာတွေရဲ့အခက်အခဲတွေပိုနားလည်လာတာကိုတွေရတယ်လို့
စခန်းပညာရေးမှူးက ပြောပါတယ်။

ပရိဿတ်ပဲဖြစ်ဖြစ်တာဝန်ရှိသူတွေပဲဖြစ်ဖြစ်
ကျောင်း ဆ ရာတွေပေးဆပ် တာနဲ့ရ ရှိတဲ့
ထောက်ပံ့မှုက မကိုက်ညီစိတ်မကောင်းတာ
ကို တွေ့ရတယ်။ အခြေအနေအရတော့ သူ
တို့က ကျောင်းဆရာတွေကို ကူညီထောင့်ပံ့
ဖို့ ပိုပြီး စိတ်အားသန်လာတာကိုလည်းတွေ့
ရတယ်”ဒီနှစ် ဆန်းပိုင်းမှာ စခန်းပညာရေး
ကိုကူညီထောင့်ပံ့တဲ့ZOASouth East Asian
က ကျောင်းဆရာလစာကိုခုနှစ်ရာ့ငါးဆယ်ကနေနှစ်ရာဝန်းကျင်အထိလျော့သွားတဲ့အတွက်တ
ချို့ကျောင်းဆရာတွေ မိသားစုအတွက် အခက် အခဲရှိလာတယ်လို့ ပညာရေးမှူးက ထပ်ပြောပါ
တယ်။

“တချို့ကျောင်းဆရာတွေကထောင့်ပံ့မှုနည်းလို့ထွက်ပြီးတခြားအလုပ်ဝင်လုပ်တာဖြစ်ပါတယ်။
တချို့ကတော့ မိသားစု အဆင်မပြေလို့ တခြားအလုပ်ပြောင်းလုပ်တာရှိတယ်။

အဲဒီအပေါ်ကျောင်းဆရာအစားထိုး ဖြည့်ပေးဖို့ အရမ်းခက်ခဲတယ်လုပ်ချင်တဲ့သူကိုမရှိတာ”
ကျောင်းဆရာ၊ ဆရာမ ထောက်ပံ့ကြေး မူလအတိုင်းဖြည့်ပေးဖို့ ကျောင်းဝင်ကြေးတွေတိုးလာ
တဲ့အပြင် စခန်းတစ်ခုနဲ့ တစ်ခုအပေါ်မူတည်ပြီးကျောင်းသားတစ်ယောက်လျင် ငါးဘတ်၊သို့မ
ဟုတ် နှစ်ဆယ်ဘတ် ပေးရလို့ ကျောင်းသားမိဘတွေ အခက်ကြုံနေရတယ်လို့ နောခူဆယ်က
အခုလိုပြောပါတယ်။

“ကျမကလေးတွေတော့ အကျွေးနဲ့ ပဲ ကျောင်းသွားအပ်တယ် အခုထိမပေးရသေးဘူး။ပိုက်ဆ
ံရှိလို့ ကျမသွားပေးရင်တော့ ဆရာမတွေချက်ချင်းပဲယူမှာပေါ့အခုပိုက်ဆံမှမရှိတာသူတို့လည်း
ဘာမှလုပ်လို့မရဘူးလေး”

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ