သုံးဆယ် အတွင်း ဒုက္ခသည်စန်းအသီးသီးမှ လူစာရင်းတွေကိုလိုက်လံစစ်ဆေးမယ်လို့တီဘီဘီစီ
ထိုင်း-မြန်မာနယ်စပ် လူမှုထောင့်ပံ့ရေးအသင်း တာဝန်ရှိသူ miles ကပြောပါတယ်။

လူတွေအားလုံး မျှမျှတတ
ရိက္ခာရဖို့ ဒီလ ဆယ်ရက်နေ့
ကနေ လာမယ့်လ ၁၁ရက်
နေ့ထိ ဒုက္ခသည်စခန်းမှာ
ရောက်ရှိလာတဲ့ လူသစ်တွေ
ရိက္ခာ ဓါတ်ပုံရိုက်ပေးပြီးလူ
ဟောင်းတွေ ပါ စစ်ဆေး
သွားမှာဖြစ်တယ်လို့ Miles
ကပြောပါတယ်။
“ကျနော်တို့က လူစာရင်ကိုဖြစ်ပို့ပဲ ဒုက္ခသည်တွေ စခန်းထဲမှာ ရှိ မရှိ စခန်းမှာ ပြန်မရောက်တဲ့ သူ
တွေ ကတော့ စခန်းကော်မတီတွေနဲ့ ခွင့်တောင်းလို့ရတယ်။ ရိက္ခာ လက်မှတ်အဟောင်းနဲ့ ယူအဲန်
မှတ်ပုံတင် ရှိတဲ့သူတွေ စစ်ဆေးတဲ့အခါမှာ ယူလာရမယ် လူမျက်နှာနဲ့ ဓါတ်ပုံ နိုင်းရှင်ပြီး နာမည်
စာရင်းတွေနဲ့ စစ်ဆေးမယ့် ဒီဇင်ဘာကျရင် ရိက္ခာလက်မှတ်အသစ် ပြန်ဝေပေးပြီး လူသစ်တွေအ
တွက် ရိက္ခာဓါတ်ပုံပါ ရိုက်ပေးမယ်”
တီဘီဘီစီ လူစာရင်းစစ်ဆေးတဲ့အခါ စခန်းမှာပြန်မရောက်နိုင်တဲ့CBOs(အခြေခံလူမှုအဖွဲ့အစည်း)
နဲ့ NGOs (အစိုးရမဟုတ်သောအဖွဲ့အစည်း)မှ အလုပ်လုပ်တဲ့ဒုက္ခသည်တွေ၊ ကျန်းမာရေး အခက်
အခဲနဲ့ စခန်းအပြင်ကျောင်း ဆက်တက်နေတဲ့သူတွေ မိမိနေထိုင်တဲ့ စခန်းမှ စခန်းကော်မတီတွေ
အသိပေးပြီး ထောက်ခံစာရေးရမှာဖြစ်ပါတယ်။
တီဘီဘီစီက စခန်းတွေကို အလုံအလောက်ထောင့်ပံ့ဖို့ အခက်အခဲရှိတဲ့အတွက် စခန်းအပြင် နေ
ထိုင်ပြီး စခန်းမှာ ရိက္ခာရရှိတဲ့ ဒုက္ခသည်တွေရှိလို့ အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည်တွေ အတွက်
ထောင့်ပံ့မှု မပေးနိုင်တဲ့အတွက် အခုစစ်ဆေးရတာဖြစ်တယ်လို့ သူကပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းကိုးခုမှာမယ်လစခန်းကဒီလ၁၀ရက်နေ့မှ၂၁ရက်နေ့၊အုန်းဖြန်
နဲ့ မယ်လာအူးက ၁၇ရက်နေ့မှ ၂၁ရက်နေ့၊ နို့ဖိုးနဲ့ မယ်ရာမိုစခန်းက ၁၀ရက်နေ့မှ ၁၄ရက်နေ့၊
ဘန်းဒုံယမ်းနဲ့ ကရင်နီစခန်း၂က ၃၁ရက်ကနေ နောက်လ ၄ရက်၊ ထမ်းဟေနဲ့ ကရင်နီစခန်း၁က
နောက်လ ၇ရက်နေ့ကနေ ၁၁ရက်နေ့အထိ စစ်ဆေးမှာဖြစ်တယ်။
No comments:
Post a Comment