သိန်းခုနှစ်သောင်း ကို ထိုင်းနိုင်ငံရေဘေးသင့်ဒုက္ခသည်တွေအတွက် ကူညီလှူဒါန်းခဲ့တယ်လို့ က
ရင်ဒုက္ခသည်ကော်မတီ ကေအာစီ ဒုဥက္ကဌ စောဂျီ့ပြောပါတယ်။

အလှူငွေကောက်ခံတဲ့အခါမှာ မယ်လ
ဒုက္ခသည်စခန်းကဘတ်ငွေ၇၀၉၄
ဘတ်နဲ့စခန်းအားလုံးထဲက အများဆုံး
လှူဒါးနိုင်ခဲ့ပြီးဒုက္ခသည်တွေရဲ့စေတ
နာအလှူနဲ့ဘာသာရေးအဖွဲ့အစည်း
တွေရဲ့စပေါင်းအလှူငွေတွေဖြစ်တယ်
လို့စခန်းဥက္ကဌစောထွန်းထွန်းကပြော
ပါတယ်။“ဒုက္ခသည်တွေဆီက ရတဲ့အလှူငွေက၄၇၀၀ဘတ်ရရှိပြီးကျန်တဲ့ငွေတွေစခန်းမှ ဘာသာ
ရေးအဖွဲ့တွေ ကူညီထောင့်ပဲ့မှုတွေဖြစ်တယ်။ အလှူငွေကောက်ခံတာကတော့ ဒုက္ခသည်စေတနာ
တွေပဲဖြစ်တယ် တစ်ဘတ် နှစ်ဘတ်လည်း ထည့်လို့ရတယ် အကန့်အသတ်မရှိပါဘူး”
အခုလို ထိုင်းနိုင်ငံရေဘေးသင့် ဒုက္ခသည်တွေအတွက် အလှူငွေကောက်ခံတဲ့နေရာမှာထမ်းမ
ဟေ ဒုက္ခသည် စခန်းက စခန်းနဲ့သက်ဆိုင်တဲ့ ထိုင်းအာဏာပိုင်တွေဆီမှာပဲ အလှူငွေပေးပို့သွား
သလို ဘန့်ဒိုယား၊ နို့ဖိုး၊ အုန်းဖြန်၊ မယ်လ၊ မယ်ရာမိုနဲ့ မယ်လအူးဒုက္ခသည်စခန်းတွေက ကေအာ
စီကတဆင့် ပေးပို့တာဖြစ်ပါတယ်။
ဒီနှစ် ဇူလိုင်လကစပြီး ထိုင်းနိုင်ငံမှာ ရေကြီးရေလျှံမှု နဲ့ရင်ဆိုင်နေရကာ ဒီလဆန်းပိုင်းမှာ အိုးအိမ်
မဲ့ ပြည်သူ တွေ သိန်းနဲ့ချီ ရှိပြီး ၄၄၆ ဦးသေဆုံးသွားပါတယ်။ ဒီလိုရေကြီးမှုကိုကိုင်တွယ်ဖြေရှင်းဖို့
ဘတ်ငွေ ၁၀၀ဘီလီယံ သုံးစွဲသွားမှာ ဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
No comments:
Post a Comment