Friday, October 19, 2012

တိုင်းရင်သားများ ပြည်ပမှ တိုက်ရိုက် ထောက်ပံ့မှုရရှိရန်တွက် ဆွေးနွေးရန် UNFC ဂျပန်သို့ထွက်ခွါ

၂၀၁၂ ၊ အောက်တိုဘာလ ၁၈ ရက်နေ့ စောဖိုးထူး  

အဖွဲ့ဝင် ၂၀ ဦးပါဝင်တဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ် များသည် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းမှာ  ထိုင်းနိုင်ငံမှတဆင့် ဂျပန်နိုင်ငံသို့လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ပါတယ်။ 

ယခုလိုထွက်ခွါရခြင်းမှာ ဂျပန်နိင်ငံမှ နိပွန် ဖောင်ဒေးရှင်း (The Nippon Foundation) ရဲ့ ဖိတ်ကြားချက်အရ သွားရောက်ကြတာဖြစ်ပြီး တိုင်းရင်းသား ဒုက္ခသည်များ
အရေးတွက်လဲ ဆွေးနွေးမှုတွေ လုပ်ဆောင်ရန်ရှိတယ်လို့သိရပါတယ်။ 

“တိုင်းရင်း သားဒေသတွေမှာ အစိုးရမှတဆင့် မဟုတ်ပဲ တိုက်ရိုက်ထောက်ပံ့မှုတွေ ရရှိအောင် သွားရောက် တင်ပြမှာလဲ ဖြစ်တဲ့ အတွက် အလေးအနက်ထောက်ခံသည်ဟု” ပြည်ထောင်စု တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ် UNLD -LA ဥက္ကဌ ခွန်မားရ်ကိုဘန် က( KSNG Media)သို့ ပြောပါတယ်။ 

နိပွန် ဖောင်ဒေးရှင်းအဖွဲ့ သည် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးရေးအတွက် UNFC နဲ့ ကတိပြုထားတာတွေ ရှိခဲ့တယ်လို့လဲ သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ