Wednesday, January 16, 2013

KNU နှင့် အမေရိကန် သံအမတ် Derek Mitchell တို့ တွေ့ဆုံခဲ့

Photo-Internet
ဇန်န၀ါရီလ ၁၇ရက်။ စောလားခတ်မူး (ကရင်ကျောင်းသားများကွန်ယက်)

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ထိပ်ပိုင်းခေါင်းဆောင် တစ်ချို့နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell တို့သည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၁ရက်နေ့ကကရင်ပြည်နယ် ဖားအံမြို့တွင် တွေ့ဆုံခဲ့ကြသည်။


ထိုဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ကေအဲန်ယူ၏ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက “သူလာတဲ့ခရီးစဉ်က အပစ်ခတ်ရပ်စဲ ပြီးနောက် ပိုင်းခြေအနေကို လာလေ့ လာတာပါ။ ကျနော်တို့ အနေနဲ့ ကလည်း လက်ရှိ အစိုးရနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ချမှတ်ထားတဲ့ မူလမ်း စဉ် တွေ ဟာ အတည် မဟုတ်သေးဘူး။ ဆက်လက်ပြီး  ဆွေးနွေး ရအုံး မှာဖြစ်တယ် ဆိုတာပြော တယ်။ ဟု ပြောသည်။ 

ဆက်လက်ပြီး ၎င်းက ကချင်ဒေသ ထိုးစစ်ဆင်မှုနဲ့ ပတ်သက်ပြီးအဆုံးမသတ်နိုင်တဲ့ အထိဖြစ်ပွား မယ်ဆိုရင် လက်ရှိ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးကို ပြန်လည်သုံးသပ်ရလိမ့်မယ်။ ဒီထိုးစစ် ဆင်မှုတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ အဟန့်အတားဖြစ်စေတယ်ဆိုတဲ့အကြောင်း ကျနော်တို့တွေ ဆွေးနွေးခဲ့တယ်ဟု ပြောသည်။

အမေရိကန်သံအမတ် Derek Mitchellကလည်း နိုင်ငံရေးပြဿနာကို  ဖြေရှင်း ရာတွင် တွေ့ ဆုံဆွေးနွေးမှု ဖြေရှင်းနည်းသာလျှင် လိုလားပြီး ကချင်ဒေသ တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုလည်း သူ့အနေဖြင့် အလွန်စိုးရိမ်မိကြောင်း ပြောသည်ဟု ပဒိုစောကွယ်ထူးဝင်းက ဆက်ပြောသည်။

အမေရိကန်သံအမတ် Derek Mitchellနှင့်တွေ့ဆုံမှုတွင် ကေအဲန်ဘက်မှ ဥက္ကဌ ဗိုလ် ချုပ် ကြီး စော မူတူးစေးဖိုး၊ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောအောင်ဝင်းရွှေ၊ ပဒိုစောရောဂျာခင်နှင့် ပဒိုစောလှထွန်းတို့ ပါဝင်သည်။

ထို့အပြင် အမေရိကန်သံအမတ် Derek Mitchellသည် ဖားအံမြို့တွင် ကေအဲန်ယူအပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဘာသာရေးအဖွဲ့အစည်းများနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့နှင့်လည်း ထိုနေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ