Monday, February 18, 2013

ကရင်ဒုက္ခသည် စခန်း ကော်မတီ ရွေးကောက်ပွဲ ပြီးစီး


Photo by KSNG
ဖေဖော်ဝါရီလ ၁၈ရက်။ ။ စောလှခင်မူး(ကရင်ကျောင်းသားများ ကွန်ယက်)

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၇ခုကို ကိုယ်စားပြုထားသော ကရင်ဒုက္ခသည်များ ကော်မတီိ (KRC ) ၏ ကော်မတီသစ် ရွေးချယ်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၈နာရီတွင် မယ်လဒုက္ခသည်စခန်း ဇုံ B ရှိ PTMJC အထက်တန်းလွန် ကျောင်းခန်းမ၌ ကျင်းပခဲ့ကြသည်။




ယခု ရွေးကောက်ပွဲတွင် စောရောဘတ်ထွေး(ဥက္ကဌ)၊ စောဂျော့ (ဒု-ဥက္ကဌ)၊ စောဘွယ် စေး(အတွင်းရေးမှူး)၊ နော်ဘလူးမင်းနိုက်ဇံ (တွဲဘက်အတွင်းရေးမှူး)နှင့် နော်စေးစေး (ဘဏ္ဍာရေးမှူး)အပါအ၀င် စုစုပေါင်း ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ၁၅ ဦးကို ရွေးချယ်တင်မြောက်ခဲ့သည်။


ဥက္ကဌအဖြစ် ရွေးချယ်ခံရသူ စောရောဘတ်ထွေးက “ကျနော်တို့ KRC ကော်မတီအဖွဲ့ဝင် သစ်တွေ အနေနဲ့ အထူးသဖြင့် ဒုက္ခသည် ပြန်လည်နေရာချထားရေးနဲ့ ပတ်သတ်ပြီးတော့ ဒီသတင်းတွေကို မှန်မှန်ကန်ဖြစ်အောင် သေသေချာချာ လုပ်ပေးမယ်။ တကယ်လို့ ပြန်ပို့ မယ်ဆိုရင်တောင် အတင်းမပြန်ခိုင်းရဘူး။ ကိုယ့်ဘာသာ ကိုယ်ပြန် ချင်စိတ်ရှိမှပဲ ပြန်ပို့လို့ရမယ် မဟုတ်ရင်တော့ လက်မခံနိုင်ဘူး” ဟု ပြောသည်။


စောရောဘတ်ထွေးသည် ဒုတိယအကြိမ်မြောက် ဥက္ကဌအဖြစ် ပြန်လည်အရွေးချယ်ခံ ရခြင်းလည်း ဖြစ်သည်။


KRCသည် ကရင်ဒုက္ခသည် စခန်း ၇ခုကို ကိုယ်စားပြုထားသော ကော်မတီ အဖွဲ့ကြီး ဖြစ်သောကြောင့် ယခု ရွေကောက်ပွဲသည် ဒုက္ခသည်များ အားလုံးအတွက် အလွန် အရေးကြီးကြောင်း မဲပေးပိုင်ခွင့်ရှိသူ စောယွာဘောက ပြောသည်။


၎င်းက “အခုလို ၀င်ရောက်အရွေးခံတဲ့ ခေါင်းဆောင်တွေဟာ စခန်းမှာရှိတဲ့ လူတွေအား လုံးက ယုံယုံ ကြည်ကြည်နဲ့ ရွေးချယ်ထားတဲ့ သူတွေဖြစ် တဲ့အတွက်ကြောင့် တင် မြောက် ခံရတဲ့သူတွေဟာ ကျနော်တို့ ဒုက္ခသည် တွေကို ကောင်းကောင်း ဦးဆောင် သွားလိမ့်မယ်လို့ ယုံကြည် တယ်'' ဟု ပြောသည်။


ထိုရွေးကောက်ပွဲတွင် စခန်းအတွင်းရှိ ကရင်တိုင်းရင်းသားများသာမက အခြားသော တိုင်းရင်းသားနှင့် မသန်စွမ်းသူများလည်း အခွင့်အရေးတန်းတူ ၀င်ရောက် မဲပေးခွင့်ရှိ သည်ဟု သိရသည်။


မယ်လအူး ဒုက္ခသည်စခန်းမှ ကိုယ်စားလှယ်တဦဖြစ်သူ နော်စရီးနာစေးက “ဒီရွေး ကောက်ပွဲမှာ အဓိက အားဖြင့် ကျမလိုချင်တာက ပြည်သူတွေကို တန်းတုညီမျှ အုပ်ချုပ်နိုင်မယ့် ခေါင်းဆောင်တွေဖြစ်ရမယ်။ ဘက်လိုက်တဲ့ သူတွေမဖြစ်ရဘူးပေါ့နော် ပြီးတော့ အမှန်တရား ဖက်က အမြဲရပ်တည်နိုင်ရမယ်”ဟု ပြောသည်။


ယခုရွေးကောက်ပွဲတွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်၊ ဘမ့်ဒုံယမ်းစသည့် ကရင်ဒုက္ခသည်စခန်း (၇)ခု ၀င်ရောက်အရွေး ချယ်ခံသည့်ကိုယ်စား လှယ် (၄၇)ဦးနှင့် မဲပေးခွင့်ရှိသူ ၁၇၀ ဦးတက်ရောက်ခဲ့ကြသည်။


ရွေးကောက်ပွဲအပြီးတွင် ရွေးချယ်တင်မြောက်ခံရသည့် ကော်မတီအဖွဲ့ဝင် သစ်များ သည် စခန်းအတွင်းရှိ အစိုးရမဟုတ်သောအဖွဲ့စည်း NG0s များနှင့် လူထုအခြေပြုလူမှု အဖွဲ့အစည်း CBOs များနှင့်တွေ့ဆုံကာ ရှေ့လုပ်ငန်းစဉ်တွက် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည်။




1 comment:

  1. yes..All of your karan leader will leading you self desire and all refugee send back to home.Remember about Saw Tun Tun(Maela camp leader)! finally run away to USA.What did he say with Irrawaddy in youtube?

    ReplyDelete

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ