Thursday, February 28, 2013

KNUဗဟိုအမြဲတမ်း ကော်မတီ ၏ ပထမအကြိမ် ပုံမှန်အစည်း အဝေး ပြီးဆုံး

Photo by KSNG
ဖေဖော်ဝါရီလ ၂၈ရက်။ စောဖိုးထူး (ကရင်ကျောင်းသားများ ကွန်ယက်)

(၁၅)ကြိမ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ညီလာ ခံအပြီး ပထမအကြိမ် ပုံမှန်ဗဟိုအမြဲ တမ်းကော်မတီ အစည်းအဝေး ကို ဖေဖော်ဝါရီလ (၁၈)နေ့မှ (၂၆)ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံ ခရိုင်၊ ကေအဲန်ယူ တပ်မဟာ ()နယ်မြေ၊ လေးဝါး စခန်းတွင် ကျင်းပ ခဲ့သည်။ 

ဗဟိုကော်မတီဝင် (၄၅)ဦး တက်ရောက်သော ၎င်းအစည်းအဝေးတွင် ဌာနဆိုင်ရာ တာဝန်လွဲပြောင်း ခန့်အပ်ခြင်းနှင့် ဌာနအသီးသီးတို့၏ မူဝါဒ များနှင့် လုပ်ငန်းစဉ်များကို ချမှတ် အတည်ပြုခဲ့ပြီး  အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းစဉ်များကို ထိရောက် စွာ အကောင်အ ထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းကော် မတီများကို ဖွဲ့စည်းခဲ့သည် ဟု အစည်း အဝေးအပြီး ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ 

ထို့အပြင် အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မြဲစေရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း ဗဟိုအလုပ်မှုဆောင်ကော်မတီမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှု လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား လူမျိုးများ စုဖွဲ့မှုဖြင့် တူညီသော အခြေခံမူများနှင့်အညီ တွေ့ဆုံဆွေးနွေးမှုများကို ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ဟု ကြေညာချက်ထဲတွင် ပါရှိသည်။

ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ကေအဲန်ယူနဲအစိုးရကြားမှာ တိကျခိုင်မာတဲ့ ငြိမ်းချမ်းရေး နဲို့င်ငံရေးအရ ဖြေရှင်းမှုတွေကိုဆက်လက်လုပ် ဆောင်သွားဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်နိင်ခဲ့ တယ်။  ပြီးတော့ အဲဒီတာဝန်ကိုလည်း ကိုယ်စားလှယ်တွေ အားလုံးက ဗဟိုအလုပ်မှုဆောင် ကော်မတီကို တာဝန်လွဲအပ်ပေးလိုက်တယ် ”ဟု ပြောသည်။

ကေအဲန်ယူ အနေဖြင့် ကရင်အမျိုးသားများအတွက် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်ကို ကြိုးပမ်းလုပ်ဆောင်ရာ တွင် ပြည်သူ လူထုအားလုံးပူးပေါင်းပါဝင်မှုသည်လည်း  များစွာလိုအပ်သည်ဟု ပဒိုစောကွယ်ထူးဝင်းက ဆက်ပြောသည်။

လက်ရှိ ကေအဲန်ယူနှင့် မြန်မာအစိုးရတို့အကြား ခိုင်မာသည့် အပစ်ရပ်စဲရေး သဘောတူ ညီမများ မရရှိသေး သဖြင့် ထိုင်းနယ်စပ်ဒေသရှိ ဒုက္ခသည်များအား နေရပ် ပြန်လည်ပို့ဆောင်ရေှးင့်ပတ်သတ်ကေအဲန်ယူ အနေဖြင့် လက်မခိုံင်ကြောင်းကိုည်း ကေအဲန်ယူက ပြောသည်။ 

ကျနော်တို့ အခုလုပ်နေတဲ့ အပစ်ခတ်ရပ်စဲရေး ကိစ္စဟာ ဘယ်လောက်ခိုင်မာပီလဲ ဆိုတာကို အရင်ဆုံးကြည့်ရမယ်သူတို့ (ဒုက္ခသည်) အတွက်ကော နေစရာနေရာတွေကို ပြင်ဆင်ထားတာတွေ လုံလောက်မဘယ်လောက်ရှိပီလဲ ဆိတာကို ကြည့်ရမယ်လေဒီလိုမှမဟုတ်ပဲ အတင်းပြန်ပို့မယ် ဆိုရင်တော့ ကျနော်တို့အနေနဲလက်ခိုံင်စရာအကြောင်းလုံးဝမရှိဘူး” ဟု ပဒိုစောကွယ်ထူးဝင်း က ပြောသည်။

(၁၅)ကြိမ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညီလာခံကို ၂၀၁၂ ခုနှစ်၊ိုဝင်ဘာလ ၂၆ ရက်နေတွင် ကရင်ပြည်နယ်၊ ဖားအံခရိုင် ကေအဲန်ယူ တပ်မဟာ () ထိန်းချုပ်ရာနယ်မြေ လေးဝါးစခန်းတွင် ကျင်းပခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ