![]() |
Photo: Internet |
မြ၀တီခရိုင်အတွင်းရှိ
လက်နက်ကိုင် အဖွဲ့အစည်းများမှ လယ်မြေ ကွက်များတွင် စိုက်ထူထားသည့် အလံတိုင်များအား မေလ ၂၉ရက်နေ့မှစ၍ ဖြုတ်ပစ်ရန် အစိုးရတာဝန်ရှိသူ
တပ်မဟာ (၂၂)မှူး ဗိုလ်မှူးချုပ် ထင်မော်ထွန်းက ပြောဆိုလိုက်ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ
အေးချမ်းဖြိုးရိပ်သာတွင် မေလ
၂၇ ရက်နေ့၊ မနက် ၉နာရီမှ ၁၀ နာရီကျော်အထိ ပြုလုပ်သော ကရင်ငြိမ်းချမ်းရေး လက်နက်ကိုင်
အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား ပြုလုပ်သော ဌာနဆိုင်ရာ သတင်းညှိနှိုင်းမှု အစည်းအဝေးတွင်
တပ်မ (၂၂)မှူးက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။ အစည်းအဝေး တက်ရောက်သူ ကေအဲန်ယူ ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက “တချို့အဖွဲ့အစည်းတွေက ရွာသားတွေပိုင်တဲ့ မြေတွေမှာ အလံတွေ သွားထောင်ထားတာရှိတယ်လေ။ အဲဒါတွေကိုပဲ တပ်မ (၂၂)မှူးက ၂၉ရက်နေ့ ၁၂ နာရီမှာ နောက်ဆုံးထားပြီး ဖြုတ်ခိုင်းလိုက်တယ်” ဟု ပြောသည်။
စိုက်ထူထားသော အလံတိုင်များဖြုတ်ခိုင်းခြင်းခံရသည့်အဖွဲ့ အစည်းများမှာ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့ ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။
ထိုသတင်းညှိနှိုင်းမှု အစည်းအဝေးသို့ မြ၀တီမြို့ကေအဲန်ယူ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောလယ်မူးနှင့် ဗိုလ်ကြီးစဂျွန်၊ ဒီကေဘီအေ ဆက်ဆံရေးရုံးမှ စိုးညွှန့်၊ စောအယ်ဒို၊ BGF မှ အမှတ်(၁၀၂၂) တပ်ရင်းမှူး ဗိုလ်မှူးမုတ်သုန် အပါအ၀င် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ ၃၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
ခ့ဢ္အဲဢ္ယူဢ္ မ့ဿ္ထုးလီၯကြံာ္ အနီဢ္တယဿ္ဒု ယနာ္အီဢ္အီၯတသ့လဿၯဘဢ္. က်ဲအိဢ္တ့ဿ္က့ၯထဲ ကဘဢ္ဖီဢ္ထီဢ္က်ိဒီး ဒုးတဿ္လီၯ.
ReplyDelete