Sunday, July 10, 2011

ခွဲထွက် နယ်ခြားစောင့်တပ်အဖွဲ့ကို ကေအဲယူကြိုဆို

မြိုင်ကြီးငူဒေသ နယ်ခြားစောင့်တပ်ဖွဲ့မှ ခွဲထွက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU နှင့် လာ

ရောက်ပူးပေါင်းသည့် အင်အား (၃၀) ခန့်ရှိ ဒီကေဘီအေမှ ဗိုလ်ကြီးစောဖားမီးအဖွဲ့ကို ကြိုဆို

ကြောင်း KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။



“ကေအန်ယူ အနေနဲ့တော့ ပြန်လာပူးပေါင်းတဲ့ လူတိုင်းကို လက်ခံတယ်။ ကရင်အချင်းချင်းလည်း

ဖြစ်လည်းတယ်ဆိုတော့ သူတို့ကို ကြိုဆိုတယ်”ဟု ၎င်းကပြောသည်။



နယ်ခြားစောင့်တပ် (၁၀၁၂) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကြီးစောဖားမီးအဖွဲ့သည် ကရင်ပြည်နယ်

ကမမောင်းမြို့ နယ်အနီး မြိုင်ကြီးငူ နယ်ခြားစောင့်တပ်စခန်း (ယခင် ဒီကေဘီအေဌာနချုပ်)အား

ယခုလ ၂၂ရက် နေ့တွင် ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းဂိုဒေါင်တခုနှင့် စစ်တန်းလျား

တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIC သတင်းဌာနတွင် ဖော်ပြထားသည်။



တိုက်ခိုက်မှုပြုလုပ်ပြီးနောက် မွန်းလွဲပိုင်းမှာပင် ဖာပွန်ခရိုင်ရှိ KNU တပ်မဟာ (၅) တပ်ရင်း(၁၀၂)

မှ ဗိုလ်စတီးအဖွဲ့နှင့် လာရောက် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။



ယခုအထိ ဒီအေဘီအေ နယ်ခြားစောင့်တပ်ဖွဲ့မှ KNU နှင့် ပြန်လည်ပူးပေါင်းလာသည့် တပ်သားဦး

ရေ (၁) ရာခန့်ရှိပြီး နယ်ခြားစောင့်တပ်လက်မခံသည့် ဒီကေဘီအေ ဗိုလ်နုတ်ခမ်းမွှေး ဦးဆောင်

သည့်အဖွဲ့မှ တပ်သား (၁၃) ဦးသည်လည်း ယခုလအတွင်းတွင် KNU နှင့် ပြန်လည်

ပူးပေါင်းလိုက်သည်။



နော်စီဖိုးရာစိန်က “ပြန်လည် ပူးပေါင်းတာဟာ လက်နက်ချတဲ့ သဘောပဲဆိုတော့ သူတို့က

စစ်သား ဆက်လုပ်ချင်ရင် လုပ်လို့ရတယ်။ မလုပ်ချင်ဘူးဆိုရင်လည်း သူတို့သဘောပဲ။ ခွင့်ပြုထား

တယ်” ဟု ပြောသည်။



နယ်ခြားစောင့်တပ် (၁၀၁၂) တပ်ဖွဲ့သည် ယခင်က ဒီကေဘီအေ တပ်မဟာ (၃၃၃) တပ်ဖွဲ့ ဖြစ်ခ

ဲ့ပြီး ယမန်နှစ် သြဂုတ်လတွင် စစ်အစိုးရ၏ ဖိအားပေးမှုကြောင့် နယ်ခြားစောင့်တပ်အဖြစ် အသွင

်ပြောင်းလဲဖွဲ့စည်းခြင်း ဖြစ်သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ