Sunday, July 10, 2011

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စာရင်း စစ်ဆေးမည်

ထိုင်းနိုင်ငံ တခ်ခရိုင် မယ်လ ဒုက္ခသည်စခန်းက လူဦးရေစာရင်းကို လာမယ့်အပတ်မှာ ထိုင်း
အာဏာပိုင်တွေက ဝင်ရောက် စစ်ဆေးမှာဖြစ်ပြီး စစ်ဆေးရေးကာလအတွင်း စခန်းထဲမှာနေထိုင်
ခြင်းမရှိတဲ့ ဒုက္ခသည်တွေကို စာရင်းကနေ ပယ်ဖျက်မယ်လို့ စခန်း ဥက္ကဌ စောထွန်းထွန်းက
ပြောပါတယ်။

“အခုလ ၇ရက်နေ့မှာ အစည်းဝေးလုပ်ပြီး စခန်းထဲက လူဦးရေစာရင်း အထိအကျ သိချင်လို့ကိုယ်
တိုင် စစ်ဆေး မှုလုပ်မယ်လို့ပြောတယ်။ မေလ ဒုတိယအပတ် မှာစမယ်”

စစ်ဆေးရာမှာ ဒုက္ခသည်များအနေနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ အသိ
အမှတ်ပြုထားတဲ့ (ယူအဲန်) မှတ်ပုံတင်ရှိပေမယ့်လည်း စခန်းထဲမှာနေထိုင်ခြင်း မရှိပါက သူတို့ကို
ဒုက္ခသည်စာရင်းကနေ ပယ်ဖျက်မှာ ဖြစ်ပါတယ်။

ဒုက္ခသည်အဖြင့် အသိအမှတ်ပြုခြင်းမခံရသေးတဲ့ စာရင်းမ၀င်သေးတဲ့ လူများကိုလည်း စခန်း
ထဲမှာ တွေ့ရှိပါက အရေးယူမယ်လို့ စောထွန်းထွန်းကပြောပါတယ်။

ယူအန်အိပ်ခ်ျစီအာ၊ တီဘီဘီစီ (လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေးအဖွဲ့) နဲ့ စခန်းကော်မတီ
တွေဆီမှာရှိတဲ့ လူဦးရေစာရင်းနဲ့ စခန်းထဲမှာ နေထိုင်တဲ့လူအရေအတွက် ကိုက်ညီမှုရှိ မရှိကို
သိချင်တာကြောင့် အခုလို ဝင်ရောက်စစ်ဆေးတာဖြစ်တယ်လို့ စောထွန်းထွန်းက ပြောပါတယ်။

“သူတို့နဲ့ ကျန်တော်တို့ စာရင်းတွေ မတူဘူးလေ။ ကျန်တော်တို့စာရင်းမှာ လူသစ်ရော လူဟောင်း
ရော အပြင်ထွက် အလုပ်လုပ်သူ တွေရော အကုန်လုံး စာရင်းလုပ်ထားတယ်လေ”

ဒါပေမယ့် ထိုင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ စခန်းပြင်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေသ
ူများကိုတော့ စာရင်းကနေ ပယ်ဖျက်မှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။

အလားတူပဲ မကြာခင်မှာ အုန်ဖြန်ဒုက္ခစခန်းတွင်းက လူဦးရေကိုလည်း ၀င်ရောက်စစ်ဆေးမှာ ဖြစ်
တယ်လို့ ထိုင်းအာဏာပိုင်တွေက သတိပေး အကြောင်းကြား ထားပါတယ်လို့ သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ