Wednesday, August 17, 2011

အီတူးက ၀င်ငွေအကောင်းဆုံး အားကစားသမားဖြစ်လာမည့်

ရုရှားကလပ် အန်ဇီအသင်းသို့ ပြောင်းရွှေ့တော့မည့် အင်တာမီလန်အသင်း၏ ကင်မရွန်းတိုက်စစ်မှူး

အီတူး အပြောင်းအရွှေ့ နှင့်ပက်သက်ပြီး ပိုမိုတိကျစွာ ထွက်ပေါ်ခဲ့သည့်နောက်မှာတော့ အလွန်ပင်အံ့သြ

သင့်ဖွယ်ရာ ကိုတွေ့ရှိရသည်။ မနက်ဖြန် အန်ဇီ အသင်း နှင့် စာချုပ်ချုပ်ဆိုနိုင်တော့မည် အီတူးမှာ

ကမ္ဘာပေါ်တွင် အမြင့်ဆုံး ၀င်ငွေရရှိ မည့် ကစားသမားဖြစ်လာတော့မည် ဖြစ်ကြောင်း သိရသည်။



ရုရှားသတင်းများမှ ဖော်ပြချက်အရ အန်ဇီအသင်းအနေဖြင့် စာချုပ်လက်မှတ်ထိုးခအဖြစ် အီတူးအတွက်

ယူရို ၇ သန်းပေးချေသွားမည်ဖြစ်ပြီး အင်တာမီလန်အသင်းမှလည်း သူ၏အပြောင်းအရွှေ့အတွက်

ပြောင်းရွှေ့ငွေ ယူရို ၃၅ သန်း ရရှိမည်ဖြစ်သည်။ တစ်နှစ်စာ လစာငွေအဖြစ် ယူရို ၁၅ သန်းခန့် အီတူးအား

ပေးချေမည့် အန်ဇီအသင်း၏ အပိုဆုကြေးငွေ ပေးချေမှုမှာ ကြောက်ခမန်းလိလိ အံ့သြဖွယ်ဖြစ်နေသည်။



အီတူးအနေဖြင့် အန်ဇီအသင်းအတွက် တစ်ဂိုးသွင်းပါက €20,000 (ယူရို နှစ်သောင်း) ရရှိမည်ဖြစ်ပြီး

တစ်ဂိုးဖန်တီးပေးပါက €10,000( ယူရို တစ်သောင်း) ရရှိမည်ဖြစ်သည်။ ထို့ကြောင့် အီတူးအနေဖြင့်

ကမ္ဘာပေါ်တွင် ရှိသမျှ အားကစားသမားများထဲတွင် အမြင့်ဆုံးဝင်ငွေရရှိတော့မည့် ကစားသမား

ဖြစ်လာတော့မည်ဖြစ်သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ