Saturday, August 13, 2011

သပိတ်မှောက်ရန် ကြေငြာသည့် စပိန်ဘောလုံးသမားများ

စပိန်အဆင့်မြင့်တန်းနှစ်ခုမှ ကစားသမားများသည် ရာသီပထမဆုံး သီတင်းပတ် နှစ်ပတ်တွင်

ကစားရမည့် ပွဲစဉ်နှစ်ပွဲအား မကစားရန် ဆန္ဒပြခဲ့ကြောင်း စပိန်ဘောလုံးသမားရေးရာ အဖွဲ့အစည်း

(AFE)မှ ကြေငြာပြောဆို ခဲ့သည်။



စပိန်ဘောလုံးသမားရေးရာ အဖွဲ့အစည်းသည် ပရော်ဖက်ရှင်နယ် ဘောလုံးလိဂ် အဖွဲ့ချုပ်(LFP)နှင့်

လုပ်ခလစာ ကာကွယ်ပေးရေး သဘောတူညီချက် ညှိနှိုင်းမှု စာချုပ်သစ် အဆင်မပြေဖြစ်နေခဲ့ပြီး

ရာသီသစ်ပွဲစဉ်များအား သပိတ်မှောက်ရန် ကြံစည်လာကြသည်။ စပိန်လာလီဂါ အဖွင့်ပွဲစဉ်များအား

သြဂတ်လ ၂၀ရက်နေ့တွင် ကစားရန် ပွဲစဉ်ဇယားများ ရေးဆွဲထားသည်။



ဘဏ္ဍာရေးထိန်းချုပ်မှုကော်မတီလက်အောက်တွင်စစ်ဆေးခံနေရသောကလပ်အသင်းများမှ၎င်းတို့

၏ကစားသမားများအားလုပ်ခလစာကူညီဖြေရှင်းပေးရန် ဘောလုံးသမားများရေးရာအဖွဲ့မှ

ငွေကြေးများစွာ တောင်းဆိုထားခြင်းကြောင့် အဆိုပါ အငြင်းပွားမှု ဖြစ်ပေါ်လာခဲ့သည်။



ဘောလုံးသမားများရေးရာ အဖွဲ့အစည်း ဥက္ကဌဖြစ်သူ လူးဝစ် ရူဘီအာလက်စ်က ကျွန်တော်တို့

သပိတ်မှောက် တောင်းဆိုဖို့ ဆုံးဖြတ်ချက် ချခဲ့တာမှာ မလိုမုန်းထားစိတ်တွေ မရှိခဲ့ပါဘူး။

စပိန်ပထမတန်းနဲ့ ဒုတိယတန်းမှ ကစားသမား အားလုံးက ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ။

ကျွန်တော်တို့ သဘောတူညီမှု စာချုပ်သစ်ကို လက်မှတ်မရေးထိုး မချင်း လာလီဂါပွဲစဉ်တွေကို

စတင်ကျင်းပနိုင်မှာ မဟုတ်ပါဘူး။



ဥရောပနိုင်ငံအားလုံးမှ ဘောလုံးသမားရေးရာ အဖွဲ့အစည်းတွေက ဒီကိစ္စမှာ ကျွန်တော်တို့နောက်မှ

ရပ်တည်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ငွေကြေးပိုမို တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒါပေမယ့်

ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို ကလပ်အသင်းတွေ အလေးထားတာကို လိုချင်ပါတယ်။

ကလပ်အသင်းတွေက ပွဲကစားပေးထားတဲ့ ကစားသမားတွေကို ဂရုမစိုက်သလို ပြုမူမနေပဲ

ကစားသမားအားလုံးကို တတန်းတည်းထား ဆက်ဆံဖို့ ထိုက်တန်ပါတယ်ဟု

ထုတ်ဖော်ပြောဆိုခဲ့သည်။



အဆင်မြင့်တန်းနှစ်ခုမှ ကလပ်အသင်း၂၀အတွင်းရှိ ကစားသမားပေါင်း၁၀၀ကျော်ကလည်း

ရူဘီရာလက်စ် ၏ကတိစကားကို ထောက်ခံပြောဆိုခဲ့သည်။



ရီးရဲမက်ဒရစ် အသင်းမှ အက်ကာ ကားဆီးလက်စ်နှင့် ဇာဗီးအလွန်ဆို၊ ဘာစီလိုနာအသင်းမှ

အသင်းခေါင်းဆောင် ကားလို့စ်ပူယိုးလ်တို့လို ပရီးမီးယားလီဂါ ကစားသမားများလည်း

အင်္ဂါနေ့က ကျင်းပခဲ့သော အစည်းအဝေးပွဲသစ်သို့ တက်ရောက်ခဲ့သည်။ အခြေအနေက အရမ်းကို

ခက်ခဲနေပါတယ်။ ဒီလိုအခြေအနေနဲ့ ကျွန်တော်တို့ ပွဲကစားပေးနိုင်မယ်လို့ ကျွန်တော်

မတွေးမိပါဘူးဟု ကားစီးလက်စ်က ထုတ်ဖော်ပြောဆိုခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ