Thursday, August 25, 2011

ဒုက္ခသည်ဆန္ဒစာရင်းကောက်ခံတာကို ယူအဲန်စုံစမ်း

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖျန်ဒုက္ခသည်စခန်းမှာ ဒုက္ခသည်စာရင်း နဲ့ ဆန္ဒ ကောက်ခံပေးဖို့်

သြဂုတ်လ ၂၄ရက်နေ့မှာ ယူအဲန်က စခန်းကော်မီတီတွေနဲ့ လာရောက်တွေ့ဆုံသွားတယ်လို့

အုန်းဖြန်ဒုက္ခသည်စခန်းဥက္ကဌ မန်းစောတုကပြောပါတယ်။



တာ့ခ်ခရိုင် ၀န် ညွှန်ကြားချက်ဖြစ်တဲ့ စခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တွေ တတိယနိုင်ငံ

သွားရောက်လိုတဲ့သူ၊ တတိယနိုင်ငံတင်ထားတဲ့သူ၊ မြန်မာပြည်ပြန်မယ့်သူနဲ့ ထိုင်းမှာ နေထိုင်မယ့်

လူဦးရေစာရင်းတွေကို ကောက်ခံပေးဖို့် ညွှန်ကြားတဲ့အပေါ် ယူအဲန်(ဒုက္ခသည်များဆိုင်ရာ

ကမ္ဘာ့ကုလသမဂမဟာမင်းကြီးရုံး) တာဝန်ရှိသူက အုန်းဖြန်စခန်းစခန်းကော်မတီနဲ့

တွေ့ဆုံခြင်းဖြစ်တယ်လို့ မန်းစောတုကပြောပါတယ်။

“ယူအဲန် ထောက်လှန်းရေးလို့ပြော

ရမှာပေါ့နော် သူတို့ဒီအကြောင်း

တွေကို သေသေခြာခြာမသိဘူး

လေ ဒါကြောင့် ကျနော်တို့စခန်း

ကော်မတီတွေနဲ့ တွေ့ပြီး ဒါနဲ့ပတ်

သက်တွေအကြောင်းတွေစခန်း

အခြေအနေတွေ မေးတာပေါ့။

သူရရှိတဲ့ အချက်တွေကို အထက်

တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ပြန်ဆွေး

နွေးပြီးမှ ဒီလမကုန်ခင်သူပြန်

လာဦးမယ်”



ယူအဲန်နဲ့တွေ့ဆုံပြီးတဲ့နောက် အုန်းဖြန်စခန်းကော်မတီတွေက ဒုက္ခသည်စာရင်းတွေ ကောက်ခံပြီး

လာမယ့်လ ၇ရက်နေ့မှာ ပြန်တင်ပြဖို့ ညွန်ကြားသွားတယ်။



အခုလို ဒုက္ခသည်ခွဲခြားသတ်မှတ်ပြီး စာရင်းကောက်ယူရတဲ့အကြောင်းအရင်းကို ထိုင်းအာဏာပိုင်

တွေ အသိမပေးပေမယ့် ပြီးခဲ့တဲ့လက မြန်မာဘက်ကပိတ်ထားတဲ့ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး

တံတား ကို ဖွင့်လှစ်ဖို့ တာ့ခရိုင်မှာတည်ရှိတဲ့ ကရင်ဒုက္ခသည်စခန်းတွေ ထိုင်းအာဏာပိုင်

ရှင်းလင်းဖို့ မြန်မာအစိုးရသစ် တောင်းဆိုခဲ့တဲ့ အကြောင်းနဲ့ သက်ဆိုင်နိုင်တယ်လို့ မန်းစောတုက

ယုံကြည်ပါတယ်။



တာ့ခရိုင်မှာရှိတဲ့ တခြားဒုက္ခသည်စခန်းတွေကိုတော့ ဒုက္ခသည်လူဦးရေစာရင်းတွေ ကောက်ခံပေးဖို့

ညွှန်ကြားလာ တာ မရှိသေးပေမယ့် ဒုက္ခသည်စခန်း ရှင်းလင်းဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ရှင်

(Thaksin) လက်ထက်ကတည်းက ဒုက္ခသည်တွေကို အခုလိုခွဲခြားသတ်မှတ်ပြီးဖြေရှင်းသွားဖို့နဲ့

နယ်စပ်မှာ စီးပွားရေး ဇုံတွေ ဖွင့်ပြီး ဒုက္ခသည် တွေအတွက် အလုပ်အသစ်တွေဖန်တီးပေးဖြေရှင်း

သွားဖို့် ပေါ်လစီတွေ ချထားခဲ့ပါတယ်။



ထိုင်း-မြန်မာနယ်စပ်မှာ တည်ရှိတဲ့ မြန်မာဒုက္ခသည်စခန်း ၉ခုမှာ ဒုက္ခသည်ဦးရေ တစ်သိန်းခွဲရှိပြီး

နို့ဖိုး၊ အုန်းဖျန်နဲ့ မယ်လဒုက္ခသည်စခန်းတွေက တာ့ခ်ခရိုင်အတွင်း တည်ရှိတဲ့ ဒုက္ခသည်စခန်း

တွေဖြစ်ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ