Saturday, August 27, 2011

ဒုက္ခသည် စခန်းတွင်း အဆပေါင်းများစွာအခွန်တိုး

ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင် ခရိုင်က မယ်လအူးနှင့် မယ်ရာမို ဒုက္ခသည်စခန်းနှစ်ခုမှာ စီးပွားရေး

လုပ်တဲ့ ဒုက္ခသည်တွေကို ၀င်ငွေရတဲ့အပေါ် အခွန်ကောက်ခံပြီး ထိုင်းအုပ်ချုပ်ရေးအဖွဲ့ကို လစဉ်

ဘတ်ငွေငါးသောင်း ပေးရမယ်လို့ မူယူ ကရင်ဒုက္ခသည်ကော်မီတီ ဥက္ကဌ စောတုးတုး ကပြောပါ

တယ်။



ဒုက္ခသည်စခန်းမှာ ရှိတဲ့ လူသုံး

ကုန်နဲ့ စားသောက်ကုန်ရောင်းတဲ့

ဆိုင်တွေ အပြင် ကားနဲ့ဈေးလာ

ရောင်း တဲ့ကားတွေကနေ အခွန်

ကောက်ခိုင်းပြီး လစဉ်အခွန်ကြေး

ငါသောင်း ပေးရတာဖြစ်ပြီးစခန်း

လုံခြုံရေးအတွက် အသုံးပြုမှာဖြစ်

ပြီး ဒုက္ခသည်အတွက် အရေးပေါ်

အကူအညီပေးနိုင်ဖို့စခန်းမှာရှိတဲ့

ထိုင်း-ပလာကတောင်းလာတာဖြစ်

တယ်လို့ စောတုးတုးကပြောပါ

တယ်။



“ကျနော်တို့ ဒုက္ခသည်စခန်းတွေက မဲ့စရင်းမြို့နယ်ထဲမှာရှိတယ်လေ ကျနော်တို့ဒုက္ခသည်တွေ

လာပြီး ချိန်းခြောက်တာမခံရအောင် မြို့နယ် အထက်ပိုင်းလူတွေနဲ့ ဆက်ဆံရမယ် ပြီးတော့ စစ်

သားတွေနဲ့လည်း ဆက်ဆံရမယ် ဒါတွေကို ကျနော်တို့အတွက် သူပဲလုပ်ပေးရတယ်လေ ကျနော်

တို့ မှမလုပ်နိုင်တာ။ သူတို့အတွက်လည်းပါတာပေါ့နော် ”



ယခင်က စခန်းနှစ်ခုစလုံးတွင် ဈေးဆိုင်ခွန် ကောက်တာ ထိုင်းအာဏာပိုင်တွေကိုယ်တိုင် တနှစ်

မှာ တစ်ကြိမ်သာ ကောက်ခံပြီး စခန်းတစ်ခုလုံးမှာ တစ်နှစ် ဘတ်ငွေ ၁သောင်းပေးရတာဖြစ်ပေ

မယ့် မကြာသေးမီ လပိုင်းက ပြောင်းရွှေ့ လာတဲ့ ထိုင်းအုပ်ချုပ်ရေးမှူးအသစ်က လစဉ် ဘတ်ငွေ

ငါးသောင်းကောက်ခံဖို့ ညွှန်ကြား တာဖြစ်ပါတယ်။



မယ်လအူး ဒုက္ခသည်စခန်းမှာ ဈေးဆိုင်စုစုပေါင်း ၂၀၀နီးပါးရှိပြီး အခုကောက်ခံတာဆိုင်အကြီး

အငယ်အလိုက် ဘတ်ငွေ ၂၀ မှ ၂၀၀အထိ ကောက်ခံခဲ့သလို အပြင်မှ ကားနှင့်လာရောက် ဈေး

ရောင်းနေတဲ့ ထိုင်းဈေးသည်တွေ ကားတစ်စီးလျှင် ၂၅၀၀ဘတ် ကောက်ခံတဲ့အပြင် အခွန်ကြေး

မပြည့်ရင် ဆိုင်အကြီးတွေက တစ်ထောင်စီဖြည့်ပေး ရတယ်လို့ သူပြောပါတယ်။



မဲ့စရင်းမြို့နဲ့ ကီလိုမီတာ ၈၀ကျော် ကွာဝေးတဲ့ မယ်ရာမိုဒုက္ခသည်စခန်းမှာ လူဦးရေ ၁၇,၀၀၀

ကျော်ရှိပြီး မဲ့စရင်းမှ ၁၅၀ ကီလိုမီတာကွာဝေးတဲ့ မယ်လအူးဒုက္ခသည်စခန်းမှာတော့ လက်ရှိ

လူဦးရေ ၁၆,၀၀၀ ကျော် ရှိကြောင်း (KRC)မှတ်တမ်းများအရ သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ