Saturday, August 13, 2011

အဖွင့်ပွဲ ၉ ပွဲသာ ကစားနိုင်မည့် အင်္ဂလန် ပရီးမီးယားလိဂ်

စနေနေ့တွင် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်များ (EPL) စတင် ကစားမည် ဖြစ်သော်လည်း

ယခုတစ်ပတ် အတွင်း ဖြစ်ပေါ် ခဲ့သော လန်ဒန်ရှိ အဓိကရုဏ်းများကြောင့် အဖွင့်ပွဲစဉ် ကစားမည့်

တော့တင်ဟမ် ဟော့စပါးနှင့် အဲဗာတန် အသင်းတို့၏ ပွဲစဉ်များအား ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း

အတည်ပြုလိုက်သည်။



ရဲများနှင့် လူငယ်တို့အကြား ဖြစ်ပျက်ခဲ့သော ပြဿနာ တစ်ရပ်မှ အစပြုပြီး အဆိုပါ အဓိကရုဏ်း

ပြဿနာသည် ပိုမို ပြင်းထန်လာခဲ့ပြီး ယခု အချိန်တွင် တော့တင်ဟမ် အသင်း၏ ကွင်းတည်ရှိရာ

မြောက်လန်ဒန်ရှိ ဝှိုက်ဟက်လိန်းကွင်းနှင့် အလွန်ပင် နီးစပ်သည့် နေရာသို့တိုင် ရောက်ရှိလာခဲ့ပြီ

ဖြစ်သည်။



အဆိုပါ အဓိကရုဏ်းမှ အစပြုပြီး အကြမ်းဖက်မှုများ အထိ ပြင်းပြင်းထန်ထန် ဖြစ်နေမှုများသည်

ပြီးခဲ့သည့် စနေနေ့တွင် လန်ဒန်မြို့ကို ဖြတ်ကျော်ပြီး အခြား အင်္ဂလန်နိုင်ငံ၏ အဓိက မြို့ကြီးများ

အထိပါ ကူးစက်နေသည်ဟု အမေရိကန် အားကစားဆိုဒ် တစ်ခုဖြစ်သော Foxsports က

ဖော်ပြခဲ့သည်။



မီးလောင်မှုများ၊ ပေါက်ကွဲမှုများသည် လန်ဒန် အနှံ့ ဖြစ်ပေါ်နေသော်လဲ အခြားပွဲစဉ် ၉ ပွဲစလုံးအား

ကျင်းပမည်ဟု အတည်ပြုခဲ့သည်။



ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ဝင်ဘာလေ၌ ကျင်းပမည်ဟု ကြေငြာထားသော အင်္ဂလန်နှင့်

နယ်သာလန်တို့၏ ချစ်ကြည်ရေး ပွဲစဉ်သည်လည်း ပျက်သွားခဲ့ပြီး အဆိုပါ ပွဲစဉ်အား လုံခြုံရေး အရ

တာဝန်ရှိ ရဲများက ဖျက်သိမ်းမှု ပြုလုပ်ခဲ့ရသည်ဟု သိရသည်။



ထို့အပြင် မြောက်လန်ဒန်ရှိ ဝက်ဖော့ထ်တွင် ယှဉ်ပြိုင် ကစားမည့် ဂါနာ အသင်းနှင့် နိုင်ဂျီးရီးယား

အသင်းတို့၏ ပွဲစဉ်အားလဲ ဖျက်သိမ်းမှု ပြုလုပ်ကြောင်းအား တာဝန်ရှိ ရဲများက အင်္ဂါနေ့ မနက်ခင်း

က ကြေငြာချက် ထုတ်ခဲ့ရသည်ဟု သိရသည်။



ထို့အပြင် ဒီတစ်ပတ် အတွင်း လန်ဒန်တွင် ကစားရမည့် များစွာသော ပွဲစဉ်များအားလည်း

လုံခြုံရေး ရဲများ၏ အကြောင်း ကြားစာကြောင့် ဖျက်သိမ်းမှုများ ပြုလုပ်ခဲ့ရသည်ဟု ထပ်မံ

သိရှိရသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ