ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်က မယ်ရာမိုကရင်ဒုက္ခသည်စခန်းမှာ တောင်ကျချောင်းရေ လွမ်းမိုး
ခံရလို့ နေအိမ်တွေ ပျက်စီးကုန်တဲ့အတွက် အခုရေကျသွားပေမယ့် ဒုက္ခသည်တွေကတိမ်းရှောင်
ထားတဲ့နေရာကနေ မရွှေ့နိုင်သေးဘူးလို့ (မူယူ)ကေအာစီ ကရင်ဒုက္ခသည် ကော်မတီ ရုံးအုပ်
စောနာပျားကပြောပါတယ်။
ယခုလ ၂ရက်နေ့က မိုးပြင်းထန်စွာ ရွာသွန်းပြီး (မူယူ)ချောင်းရေကြီးလို့ နစ်မြုပ်ခဲ့တဲ့ မယ်ရာမိုစခန်း
ရပ်ကွက် ၆နဲ့ ရပ်ကွက် ၇က ဒုက္ခသည်နေအိမ်တွေ ပျက်စီးကုန်လို့ နေအိမ် ပြန် ဆောက်ဖို့
သစ်ဝါးတွေ သယ်ဖို့ မလွယ်ကူတဲ့အတွက် အင်္ဂါနေ့က အ၀တ်အစားတချို့နဲ့ တာလာပတ် မိုးကာ
လေးရာပို့သွားတယ်လို့ စောနာပျား ပြောပါတယ်။
“အခုလိုမိုးအတွင်းမှာ ဆောက်လုပ်ရေးအတွက် ဘာမှ လုပ်လို့မရသေးဘူးလေ သစ်၊ ဝါး
သယ်ယူဖို့မလွယ်သေးဘူးလေ။ရပ်ကွက် ၆နဲ့ ရပ်ကွက် ၇မှာ ရေကြီး တုန်းကနေအိမ်ရော
ဘာရောအကုန်လုံး ပါသွားတော့ တချို့ဒုက္ခသည်တွေ ၀တ်စရာ အင်္ကျတော် မရှိတဲ့သူ တွေရှိတယ်”
ဒီလိုမိုးမျိုးရေကြီးလို့ နေအိမ်၊ ရပ်ကွက် ရိက္ခာဂိုဒေါင်နဲ့ တံတားတွေ ပျက်စီသွားလို့ အခုလို ရေကျပြီး
ဖြစ်ပေမယ့် ရေဘေးဒုက္ခသည်တွေက ယာယီတည်းခိုထားတဲ့နေရာဖြစ်တဲ့ ကျောင်း၊ ဘုရားကျောင်း
နဲ့ ဆေးရုံတွေကနေ ရွှေ့ပျောင်းလို့ မရသေးလို့ စာသင်ကျောင်းတွေ လည်း ပြန်မဖွင့်နိုင်သေးဘူး
လို့ သူကဆက်ပြောပါတယ်။
ရေဘေးသင့်တဲ့ မယ်ရာမိုဒုက္ခစခန်းမှာ လူနေအိမ် ၄၀၆လုံး၊ မူယူချောင်းကို ဖြတ်ကျော်ဖို
့ ကြိုးတံတားကြီး အပါအ၀င် စခန်းထဲက တံတားငယ် ၁၀စင်း၊ ရိက္ခာဂိုဒေါင် ၃လုံးမှ ဆန်အိတ်
၂၉၇၀အိတ်၊ ဆား ၆၃အိတ်၊ ပဲ ၃၃၂အိတ်၊ စားသုံးဆီ ၁၃၆ပုံး၊ Asia Mix (ဂျုံမှုန့်) ၂၅၅အိတ်၊ ငါးပိ
၆၅ပုံး ပျက်စီးသွားတယ်လို့ ကေအိုင်စီသတင်းဌာနကပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment