Saturday, August 13, 2011

မက္ကဆီကို နောက်ခံလူဟောင်း ဖရိုရက်စ် ချောင်းပစ်ခံရ၍ သေဆုံး

မက္ကဆီကို နောက်ခံဘောလုံးသမားဟောင်း ဖရိုရက်စ်သည် မိသားစုနှင့်အတူ ခရီးထွက်နေစဉ်

ကွေနာဗာကာမြို့နား အရောက်တွင် သေနတ်သမား တစ်ဦးက ချောင်းမြောင်းပစ်ခတ် သွားသော

ကြောင့် ကားတွင်းပင် ပွဲချင်းသေဆုံးသွားကြောင်း သိရသည်။



အသက် (၅၈)နှစ်အရွယ် ဖရိုရက်စ်သည် ၁၉၇၈ ခုနှစ် အာဂျင်တီးနား ကမ္ဘာ့ဖလားတွင် မက္ကဆီကို

အသင်း၏ နောက်ခံလူအဖြစ် ကစားသွားခဲ့သော မက္ကဆီကို လက်ရွေးစင် ကစားသမားဟောင်း

တစ်ဦးဖြစ်သည်။ အဆိုပါ ဖြစ်စဉ်မှာ ပြီးခဲ့သော ဗုဒ္ဓဟူးညက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



အဆိုပါ ဖြစ်စဉ်တွင် ဖရိုရက်စ်၏ မိသားစုမှ လူကြီးနှစ်ယောက် ဒဏ်ရာရရှိသွားခဲ့သလို၊ ခလေးငယ်

များလည်း လက်ရှိအချိန်ထိ အထိတ်တလန့် ဖြစ်နေဆဲဖြစ်ကြောင်း မက္ကဆီကို အခြေစိုက်

သတင်းများက ဖော်ပြသွားခဲ့သည်။ ကစားဖော် ဟောင်းများကလည်း "ကောင်းရာသုခတိလားပါ

စေ" ဆိုသော ဆုတောင်းများကို ကိုယ်စီတွစ်တာအကောင့်များမှ ရေးသားဆုတောင်း ပေးသွားခဲ့

ကြသည်။



ဖြစ်စဉ်အတွက် မက္ကဆီကို ဒေသဆိုင်ရာ ရဲများက စုံစမ်းစစ်ဆေးလျက်ရှိနေပြီး၊ သေနတ်သမားအား

မကြာမှီ ဖော်ထုတ်နိုင်အောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ