လှေကြောင်းမှာ လူသုံးယောက်ပါလာတဲ့ စက်လှေတစ်စီးမှောက်လို့ လှေမှောင်းသမား
စောကောက်ကွေးပျောက်သွားတယ်လို့ မယ်ရာမိစခန်းသားစခန်းသား ကျောဒါး ကပြောပါတယ်။

လုပ်တဲ့အချိန်မှာ စက်လှေစီကုန်သွားလို့ စက်သေပြီးလှေမှောက်သွားတာ။ စက်လှေမောင်း
သမားက ပျောက် သွားတယ်လေ အခုလူများလိုက်ရှာနေတုန်းပဲ ဒါမေမယ့်မတွေ့သေးဘူး”
ဆန်ရေကို ဖြတ်မောင်းရတဲ့ မယ်ရာမိုအပြန်လှေထဲမှာပါတဲ့ ကလေးတစ်ယောက်နဲ့ အသက်သုံးဆယ်
လေးဆယ် အရွယ်ရှိတဲ့ အမျိုးသမီး နှစ်ယောက် ကတော့ ကမ်းဘက်ကို လှိုင်းပြန်ပုတ်သွားလို့
လွတ်သွားပြီး ထိခိုက်မှုမရှိဘူးလို့ သူပြောသွားပါတယ်။
မူယူချောင်းရေကြီးပြီး ရေအနည်းငယ်သာလျော့ကျတဲ့ချိန်မှာပဲ မယ်ရာမိုဒုက္ခသည် တစ် ယောက်
လှေမှောက်ပြီးပျောက်ဆုံးသွားတာဖြစ်ပါတယ်။ မယ်ရာမိုနဲ့ မယ်လအူးစခန်း အကြားက
လေးဂေါ်လို့ခေါ်တဲ့နေရာမှာ အရင်တုန်းက ရေးကြီးတဲ့အခါ တခါတလေ လှေမှောက်လို့
အသေအပျောက်ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
No comments:
Post a Comment