ရွာသားများထံမှ ငွေ ကျပ် (၁၆) သိန်းတောင်းပြီး ညှင်းပန်းနှိပ်စက်ကြောင်း သထုံခရိုင်
တာဝန်ရှိသူများက သတင်းပေးပို့ပါသည်။

(၃၀) ခန့်ရှိ နယ်ခြားစောင့်တပ် တပ်ရင်း
( ၁၀၁၄) သည် သြဂုတ်လ(၁၅)ရက်နေ့
တွင် သထုံခရိုင်အတွင်းရှိ ထီးမဲ့ဘော၊
လယ်ဃဲဃော်၊ ကွီးတခီး နှင့် နို့တရေး
ကျေးရွာများထဲသို့ ၀င်ရောက်ကာရွာသား
အချို့ နှိပ်စက်ညှင်းပန်းခဲ့သည်။
နှပ်စက်ခံရသည့် ရွာသားများမှာ အသက် (၂၂) နှစ်ရှိသည့် ထီးမဲဘောရွာသား စောအဲ့တကော်၊
အသက် (၄၄) နှစ်ရှိသည့် ကွီးတခီး ရွာသား စောတာကွီ၊ အသက် (၄၀) နှစ်ရှိသည့် စောတံကမော်
တို့ဖြစ်သည်။ အဆိုပါရွာသားများအား ပါးရိုက်ခြင်း၊ စစ်ဖိနပ်ဖြစ်ပိတ် ကန်ခြင်း နှင့်
ထိုးကြိတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့အပြင် အဆိုပါ ရွာများအား ငွေကျပ် (၁၆) သိန်းပေးရန် အတင်းအဓမ္မတောင်းဆိုခဲ့သည်။
အဆိုပါ နယ်ခြားစောင့်တပ်သည် သြဂုတ်လ (၉) ရက်နေ့တွင် တကောင်ဘိုးကျေးရွာအုပ်စုအား
(၃)လ ပေါ်တာထမ်းပေးရန်တောင်းဆိုခဲ့ပြီး ရွာသားတဦးဦးမှ ပျက်ကွက်ခံပါက တဦးလျှာက်
ငွေကျပ် (၅) သောင်းစီပေးရန်လည်း အမိန့်ပေးခဲ့သည်။
ပေါ်တာအတွက် အတောင်းခံရသည့် ကျေးရွာများမှာ တကောင်ဘိုးကျေးရွာမှ ရွာသား (၂) ဦး၊ မဲရဲ
ကျေးရွာမှ (၁) ဦး၊ မဲပူ ကျေးရွာမှ (၁) ဦး၊ လယ်ပေါ်ဒဲကျေးရွာမှ (၁) ဦး၊ ကုန်းတန်းကြီးကျေးရွာမှ
(၂) ဦး တို့ဖြစ်သည်။ သူတို့တောင်းသည့် ရွာသားများကို မပေးပါက ငွေဖြင့်ပေးပါရန် ရွာသူကြီးများ
အား အမိန့်ပေးခဲ့သည်။
No comments:
Post a Comment