Tuesday, August 23, 2011

မက္ကဆီကိုကစားသမားများအပေါ် ဟာနန်ဒက်ဇ်ရဲ့ စေတနာ

မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူး ဂျာဗီးယား ဟာနန်ဒက်ဇ်သည် မန်ချက်စတာ

ယူနိုက်တက်အသင်းတွင်ရရှိခဲ့သည့် သူ၏ အောင်မြင်မှုများကြောင့် မက္ကဆီကို

လူငယ်ကစားသမားများအတွက် ပရီးမီးယားလိဂ် အသင်းကြီးများမှာ ကစားခွင့်ရဖို့

တံခါးဖွင့်ပေးသလိုဖြစ်လာဖို့ မျှော်လင့်မိကြောင်း ပြောကြားသွားခဲ့သည်။



ဟာနန်ဒက်ဇ်သည်

ူနိုက်တက်အသင်း၌ စတင်ကစားသည့် ရာသီမှာပင် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်သကဲ့သို့

ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ယူနိုက်တက်အသင်းကို ဗိုလ်လုပွဲစဉ်အထိ တက်ရောက်နိုင်

အောင် စွမ်းဆောင်ကူညီနိုင်ခဲ့သည်။



“ကလပ်အသင်းတော်တော်များများဟာ မက္ကဆီကိုက ကစားသမားတွေကိုခေါ်ယူဖို့ စောင့်ကြည့်နေ

ကြမယ်ဆိုရင် ဒါဟာ သိပ်ကောင်းတဲ့ အရာတစ်ခုပါပဲ။ အဲဒီလို အသင်းကြီးတွေက မက္ကဆီကို

ကစားသမားတွေကို ခေါ်ယူချင်လာဖို့ ကျနော် ကောင်းကောင်း စွမ်းဆောင်ပြရမှာပါ။



ဒါ ကျနော်လုပ်ရမယ့် အရေးကြီးတဲ့ အချက်ပါပဲ။ ကျနော့် နိုင်ငံက ကစားသမားတော်တော်များများဟာ

ဥရောပမှာ ကစားခွင့်ရဖို့ အိမ်မက် မက်နေကြတာပါ။ ကျနော့်ကိုယ်ကျနော် အကောင်းဆုံး

စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မက္ကဆီကို ကစားသမားတွေအတွက် ဥရောပ

တံခါးကို ကျနော်ဖွင့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။” ဟု ပြောကြားသွားခဲ့သည်။



No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ