ကမ္ဘာ့ဖလား အာရှဇုန် တတိယ အဆင့် ခြေစစ်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခြင်းကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။
ဆီးရီးယား အသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲတွင် ကစားခွင့် မရှိသော ဘောလုံးသမား
တစ်ဦးကို ထည့်သွင်း ကစားခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပိတ်ပင် ခံလိုက်ရခြင်း ဖြစ်သည်။

အာရှ အရှေ့အလယ်ပိုင်း အသင်းတစ်သင်း ဖြစ်သည့် ဆီးရီးယားသည် တာဂျစ်ကစ္စတန်
အသင်းကို နှစ်ကျော့ပေါင်း ၆-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ကစားခွင့် မရှိသော ဂျော့ခ်ျမူရတ်ကို ယင်း
ပွဲစဉ် နှစ်ပွဲစလုံးတွင် ထည့်သွင်း ကစားခဲ့သည်။
မူရတ်သည် ဆွီဒင်အိုလံပစ် အသင်းတွင် ၂၀၀၃ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တို့တွင် ပါဝင်ကစားခဲ့ပြီး
ဖီဖာ စည်းမျဉ်းများ အရ ဆီးရီးယား အသင်း အတွက် ကစားပေးခွင့် မရှိပေ။ဆီးရီးယား အသင်း
ဥက္ကဋ္ဌ ဖာရွတ်ဆာရီယာသည် ဖီဖာ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်လိုက်ပြီး မူရတ်သည် ဆီးရီးယား
နိုင်ငံသား တစ်ဦးဖြစ်သည့် အတွက် လက်ရွေးစင် အသင်းတွင် ပါဝင်ကစားခဲ့ခြင်းမှာ တရားမျှတမှု
ရှိကြောင်း ပြောကြား ခဲ့သည်။
ဆီးရီးယား နိုင်ငံကမူ အထက်ပါ ဆုံးဖြတ်ချက်သည် နိုင်ငံရေးနှင့် ဆက်နွယ်မှု ရှိကြောင်း ပြောကြား
ခဲ့သည်။ဆီးရီးယား ဘောလုံး သမဂ္ဂသည် ဖီဖာ၏ ဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာ အားကစား
ခုံရုံးသို့ တိုင်ကြားထားပြီဟု သိရသည်။
No comments:
Post a Comment