Sunday, August 21, 2011

လူငယ်များဖြင့် စပါးကို အနိုင်ယူရန် ဆန္ဒရှိနေသည့် ဖာဂီ

မန်ယူ နည်းပြ ဖာဂူဆန်သည် လာမည့် တနင်္လာနေ့ည စပါးအ သင်းနှင့် အိမ်ကွင်း ပရီးမီးယားလိဂ်

ပွဲစဉ်တွင် လူငယ် ကစားသမားများ၏ အစွမ်းဖြင့် နိုင်ပွဲတစ်ပွဲ ရယူရန် ဆန္ဒရှိနေသည်။ ဂယ်ရီနဗီးလ်၊

ဗန်ဒါးဆားနှင့် ပေါလ်စခိုးတို့လို ၀ါရင့် ကစားသမားများ အနားယူ သွားချိန်တွင် မန်ယူ အသင်းသည်

ယခုရာသီတွင် ဒီဂီရာ၊ အက်ရှ်လေယန်း၊ ဖီးလ်ဂျုံးစ်တို့ကို လူငယ် ကစားသမား များဖြင့် သွေးသစ်

လောင်းနိုင်ခဲ့သည်။



တနင်္လာနေ့ စပါး အသင်းနှင့် ပွဲစဉ်တွင် မန်ယူ နောက်ခံလူ နှစ်ဦးဖြစ်သည့် ဖာဒီနန်နှင့် ဗီဒစ်တို့မှာ

ဒဏ်ရာ ပြဿနာကြောင့် ပါဝင်ရန် မသေချာပြီး ယင်း နေရာတွင် အီဗရာ၊ ဂျွန်နီအီဗန်စ်နှင့် ဖီးလ်ဂျုံးစ်

တို့ ပါဝင်ဖွယ် ရှိနေပြီး ခံစစ်ညာ အစွန်တွင် စမောလင်းက ပါဝင်ကစားရန် နီးစပ်နေကြောင်း

သိရသည်။



ဖာဂူဆန်က “ကျွန်တော့် အနေနဲ့ အသင်းရဲ့ နောက်တန်းမှာ အစားဝင်လာမယ့် လူငယ်လေးတွေ

အတွက် မစိုးရိမ်ပါဘူး။အသက် ၁၂ နှစ် အရွယ်လောက်မှာ ကတည်းက အသင်းမှာ ရောက်နေတဲ့

အီဗန်စ်ဆိုရင် အတွေ့အကြုံ ရင့်ကျက်လာသလို ပွဲတွေ အတော်များများ မှာလည်း ပုံမှန်ပွဲထွက်ခွင့်

ရခဲ့ပါတယ်။ ဖီးလ်ဂျုံးစ် ဆိုရင်လည်း မနှစ်က ဘလက်ဘန်း အသင်းနဲ့ အတူ အစွမ်းပြ နိုင်ခဲ့ပါတယ်။



စမောလင်း ဆိုရင်လည်း မနှစ်က အသင်းနဲ့ အစွမ်းပြနိုင်ခဲ့သလို နွေရာသီမှာလည်း အင်္ဂလန်ယူ-၂၁

အသင်းနဲ့ နာမည် ရလာခဲ့တာပါ”ဟု ပြောဆိုခဲ့သည်။



No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ