မှူးက ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် ဘာစီလိုနာ အသင်းဖော် ဇာဗီဟာနန်ဒက်ဇ်တို့ကိုကျော်ဖြတ်ပြီး
ရယူ နိုင်ခဲ့သည်။

ရခဲ့သည်။ ပဉ္စမ နေရာတွင်မူ ပြီးခဲ့သည့် ဘောလုံး ရာသီက ပေါ်တို အသင်းနှင့် အတူ ယူရိုပါ ဖလား
ဂိုးသွင်းဘုရင် ဖြစ်ခဲ့ပြီး အက်သလက်တီကို မက်ဒရစ်သို့ ရောက်ရှိလာသည့် ကိုလံဘီယာ
တိုက်စစ်မှူး ရာဒါမယ်လ် ဖယ်လ်ကာအိုက ရပ်တည်နေရာ ထိပ်ဆုံး(၅)နေရာကို စပိန် လာလီဂါ
အခြေစိုက် ကစားသမားများက လွှမ်းမိုးထားနိုင်ခြင်း ဖြစ်သည်။
UEFA အကောင်းဆုံး ကစားသမားများ စာရင်း ထိပ်ဆုံး(၁၀)နေရာတွင် အင်္ဂလန် အခြေစိုက် ကစား
သမား (၂)ဦးသာ ပါဝင်ခဲ့ပြီး (၂)ဦးလုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် မန်ချက်စတာ ယူနိုက်တက်မှ
ဖြစ်ကြသည်။ ထိပ်ဆုံး(၁၀)ဦး စာရင်းတွင် ဥရောပ ချန်ပီယံ ဘာစီလိုနာမှ ကစားသမား (၄)ဦးတိတိ
ပါဝင် လာသည်ကိုလည်း တွေ့ရသည်။ အသက်(၂၄)နှစ်ရှိ မက်ဆီသည် မိုနာကိုတွင် ကျင်းပသော
ဆုပေးပွဲတွင် ပရိသတ် အများစု မျှော်လင့်သည့်အတိုင်း အကောင်းဆုံး ဘောလုံးသမား ဆုအတွက်
ကြေညာပေးခြင်း ခံခဲ့ရသည်။
“ဒီဆုကို ရတဲ့အတွက် ဂုဏ်ယူ မိပါတယ်။ အသင်းဖော်တွေကိုလည်း ကျေးဇူး တင်ပါတယ်။ဆုတံဆိပ်
တွေဟာ ကျွန်တော်တို့ အသင်း နောက်ထပ် အောင်မြင်မှုတွေ ရယူဖို့ အမြဲတမ်း တွန်းအားတွေ
ဖြစ်နေပါတယ်။ အ၀တ် လဲခန်းထဲက ပေါင်းစည်း ညီညွတ်မှုဟာ ကျွန်တော်တို့ အသင်းကို
ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်” ဟု မက်ဆီက ဆုလက်ခံ အပြီးတွင် ပြောကြားသွားသည်။
မက်ဆီသည် ပြီးခဲ့သည့် ဘောလုံး ရာသီက ဘာစီလိုနာ အသင်းအတွက် ပြိုင်ပွဲ အရပ်ရပ်တွင်
စုစုပေါင်း (၅၃)ဂိုး သွင်းယူကာ ဘာစီလိုနာ အသင်း စပိန်နှင့် ဥရောပ ချန်ပီယံ ဖြစ်လာစေရန် ကူညီ
ပေးခဲ့သည်။ UEFA အဆင့် သတ်မှတ်ချက် အရ ထိပ်ဆုံး(၁၀)နေရာတွင် ရှိနေသောကစားသမားများ
စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
No comments:
Post a Comment