Saturday, August 27, 2011

BBC သတင်းဌာနနဲ့ ပြန်လည် စကားပြောဖို့ သဘောတူညီလိုက်တဲ့ ဖာဂူဆန်...

မန်ချက်စတာ ယူနိုက်တက်အသင်း၏ နည်းပြကြီးဖြစ်သူ ဖာဂူဆန်သည် ဘီဘီစီ သတင်းဌာနနှင့် ပြန်

လည်တွေ့ဆုံစကားပြောမှု ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။ ဖာဂူဆန်သည် သူ၏သား

ဖြစ်သူ ဂျေဆန် ကိစ္စနှင့် ပတ်သက်၍ ဘီဘီစီသတင်းဌာနမှ သတင်းတင်ပြမှုအပေါ် မကျေမနပ်ဖြစ်

ကာ အဆိုပါသတင်းဌာနနှင့် တွေ့ဆုံခြင်း မပြုတော့ရန် ၂၀၀၄ ခုနှစ် ကတည်းက ပြောကြားခဲ့ခြင်း

ဖြစ်သည်။



Guardian သတင်းတွင် ဖော်ပြမှုများအရ ဖာဂူဆန်သည် ထိုကဲ့သို့ ၇ နှစ်အကြာ ဘီဘီစီနှင့် ပွဲပြီး

အင်တာဗျူးများ ပြုလုပ်ရန် ငြင်းဆန်ခဲ့ခြင်းမှ ယခုအခါတွင်မှု တွေ့ဆုံရန် ပြန်လည် လက်ခံခဲ့

ကြောင်းသိရသည်။



ဖာဂူဆန်သည် ဘီဘီစီ၏ သတင်းဌာန၏ ဥက္ကဌ ပီတာ ဆယ်လ်မွန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက်

ထိုကဲ့သို့ သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးမှုနှင့် နီးစပ်သူများ၏ အဆို

အရ ဖာဂူဆန်နှင့် ဘီဘီစီတို့သည် မည်သည့် ဘက်ကမှတောင်းပန်မှုများ မပြုလုပ်ခဲ့ရဘဲ ပြီးခဲ့သော

ကိစ္စကို ပြီးပါစေဟူသော စိတ်ထားမျိုးဖြင့်သာ ထိုကဲ့သို့ ပြန်လည်တွေ့ဆုံရန် သဘောတူညီခဲ့ခြင်း

ဖြစ်ကြောင်းလည်း သိရသည်။



ထို့ကြောင့် လာမည့် ရက်သတ္တပတ်တွင် ကစားမည့် အာဆင်နယ်နှင့် ပွဲစဉ်မှ စတင်ပြီး ဖာဂူဆန်နှင့်

ဘီဘီစီ တို့ ပြန်လည်တွေ့ဆုံမှုများ ပြုလုပ်တော့မည် ဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ ဖော်ပြ

သွားခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ