Saturday, September 10, 2011

နို့ဖိုးစခန်းမှာလည်း ဒုက္ခသည်ဆန္ဒကောက်ခံ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ် နို့ဖိုးကရင်ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေရဲ့ ဆန္ဒကို
ကောက်ခံခဲ့ရာမှာ ပြည်တွင်း ပြန်လိုတဲ့ ဒုက္ခသည်တွေ ရာခိုင်နှုန်းနည်းပါးတယ်လို့ စခန်းကော်
မတီ စောသူလေဒို့စိုးက ပြောပါတယ်။

တာ့ခ်ခရိုင်ဝန်ညွှန်ကြားချက်အရ ဒုက္ခသည်
သုံးအုပ်စုဖြစ်တဲ့ ပြည်တွင်းမှာ ပြန်လိုသူ၊
ထိုင်းနိုင်ငံမှာအခြေချလိုသူနဲ့ တတိယနိုင်ငံ
မှာ သွားရောက်အခြေချလိုတဲ့ဒုက္ခသည်
တွေ ခွဲပေးဖို့ တောင်းဆိုလာတဲ့ အတွက်
လွန်ခဲ့ တဲ့လက အုန်းဖြန်စခန်းကော်မတီ
တွေ ညွှန်ကြားခဲ့သလို နို့်ဖိုးစခန်းကော်မတီ
ကို တောင်းဆိုလားတာဖြစ် ပြီးပြည်တွင်း
ပြန်မယ့်သူနည်းတယ် လို့ အတွေးရေးမှူး
စောသူလေဒို့စိုးကပြောပါတယ်။

“အုန်းဖြန်စခန်းနဲ့အတူတူပဲ သူတို့က ကျနော်တို့စခန်းကော်မတီကို ဒုက္ခသည်ဆန္ဒတွေလိုက်
ကောက်ခိုင်းတာပေါ့။ နိုင်ငံခြားမှာ အခြေချသွားနေဖို့ ရာခိုင်နှုန်းငါးဆယ်လောက်ရှိမယ်၊ ထိုင်းမှာ
နေမယ့်သူက လေးဆယ်ရာ ခိုင်နှုန်း ရှိ မယ်ဒါပေမယ့် အခုအခြေအနေအရဆို ပြည်တွင်းပြန်မယ့်
သူက ရာခိုင်နှုန်းအနည်းစုပဲ ရှိမှာပါ”

တချို့ပြည်တွင်းကို ပြန်လိုတယ်လို့ ရွေးချယ်တဲ့ ဒုက္ခသည်တွေက မြန်မာအစိုးရနဲ့ထိုင်းအစိုးရရဲ့
အစီအစဉ်အတိုင်း ပြန်ဖို့မဟုတ်ပဲ မိမိတို့ အစီအစဉ်နေနဲ့ မိမိတို့ လူမျိုးကို အထောက်အကူဖြစ်စေ
မယ့်နေရာ မှာပြန်ပြီးကူညီမှာ ဖြစ် တယ်လို့ ပြည်တွင်းရွေးချယ် ထားတဲ့ အုန်းဖြန်စခန်းက စောဘ
လယ်စေးပြောပါတယ်။

“ပြည်တွင်းမှာ လိုအပ်ချက်တွေများကြီးရှိတယ် ကျနော်တို့ဒီက အုပ်ချုပ်ရေးအတွ့အကြုံယူပြီး
ကိုယ့် လူမျိုးအတွက် ပြန်အသုံးချမယ်။ နောက်တော့ ကျနော်ဒီကိုတက်လာကတည်းက
တတိယနိုင်ငံ သွားဖို့ ရည်းမဆူးခဲ့ပါဘူး ကျနော့ သားသမီးတွေ ကျောင်းထားနိုင်ဖို့ပဲ ပြည်တွင်း
မှာ ကလေးတွေ ပညာ ရေးကောင်းကောင်းရဖို့မလွယ်ဘူးလေ၊ စားရိတ်တွေအများကြီးကုန်လို့
မတတ်နိုင်တော့ဒီကိုလာတာဖြစ် တယ်”

နို့ဖိုး ကရင်ဒုက္ခသည်စခန်းဟာ မဲဆောက်နဲ့၂၃၂ကိလိုမီတာကွာဝေးပြီး လူဦးရေတစ်သောင်းခုနှစ်
ထောင် ကျော်ရှိတယ်လို့ စခန်းကော်မတီကပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ တည်ရှိတဲ့
မြန်မာဒုက္ခသည်စခန်း ၉ခုမှာ ဒုက္ခသည်ဦးရေ တစ်သိန်းခွဲရှိပြီး နို့ဖိုး၊ အုန်းဖျန်နဲ့ မယ်လဒုက္ခသည်
စခန်းတွေက တာ့ခ်ခရိုင်အတွင်း တည်ရှိတဲ့ ဒုက္ခသည် စခန်းတွေဖြစ်ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ