တစ်ခုဖြစ်ပွားခဲ့ပြီး အနောက်ရုရှာသို့ ဦးတည်နေသော စင်းလုံးငှား လေယာဉ်သည် မတော်တဆ
ဖြစ်စဉ်ကြောင့် လေယာဉ်တွင် လိုက်ပါလာသော ထိပ်တန်းဟော်ကီအသင်းကစားသမားများအပါ
အ၀င် လူပေါင်း ၄၃ဦး အသက်ဆုံးရှူံးခဲ့ကြောင်း သိရှိရသည်။

ပြီး လေယာဉ်ပေါ်တွင်လိုက်ပါလာသူ Lokomotiv Yaroslavl အသင်းမှ ကစားသမား ၂၇ဦး ၊နည်း
ပြနှစ်ဦး နှင့် အသင်းတာဝန်ရှိသူ ၇ ဦးတို့ အသက်ဆုံးရှူုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။
ထိုအထဲတွင် အမေရိကန်ဟော်ကီကစားသမားဟောင်းများ နှင့် NHLမှ ကနေဒီးယန်းဟော်ကီက
စားသမားပါဝင်ခဲ့သည်။ Yak-42 လေယာဉ်သည် လေယာဉ်ကွင်းမှ ထွက်ခွာလာပြီးနောက်
Yaroslavl မြို့အနီး မော်စကိုမြို့မှ မိုင် ၁၅၀ကွာဝေးသော အနောက်မြောက်ဘက်ရှိVolga မြစ်
အတွင်းသို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
အတည်ပြုသတင်းများအရ လေယာဉ်မှာ ခရီးသည် ၄၅ဦးသယ်ဆောင်လာပြီးလေယာဉ်အမှုထမ်း
၈ ဦးလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါဟော်ကီအသင်းမှာ ဘီလာရုစ်နိုင်ငံမြို့တော် Minsk
တွင် Continental Hockey League (KHL) အဖွင့်ပွဲစဉ်အဖြစ် ကြာသာပတေးနေ့တွင် Dinamo
Minsk အသင်း နှင့် ယှဉ်ပြိုင်ကစားရန်အတွက် သွားရောက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ယခုဖြစ်စဉ်ကြောင့် Dinamo Minsk နှင့်ပွဲစဉ်အား ရွှေ့ဆိုင်ထားပြီး ထိုပွဲစဉ်တွင် ကြေကွဲဝမ်းနည်း
မှုအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ဆုတောင်းမှုပြုခဲ့ကြောင်းလည်း ထုတ်ဖော်ခဲ့သည်။
ယခုလေယာဉ်ပျက်ကျမှုအတွက် အကြောင်းအရင်း ရှာဖွေလျှက်ရှိပြီး လေယာဉ်မှူးအမှားအယွင်း
နှင့် အခြားအကြောင်းများဟုလည်း ဖော်ပြထားသည်။
1958 ဖေဖ၀ါရီလ ၆ ရက် - မြူးနစ်လေယာဉ်ပျက်ကျမှုကြောင့် မန်ယူကစားသမား ရှစ်ဦးအသက်
ဆုံးရှုံးခဲ့၁၉၇၀ နိုဝင်ဘာ ၁၄ ရက် - ဗာဂျီးနီးယားလေယဉ်ပျက်ကျမှုကြောင့် အမေရိကန်ကော
လိပ်ဘောလုံးအသင်းမှ ကစားသမား ၃၆ ဦးအသက်ဆုံးရှံးခဲ့။
၁၉၉၃ ဧပြီလ ၂၈ ရက် - ဂါဘို လေယာဉ်ပျက်ကျမှုကြောင့် ဇမ်ဘီးယားဘောလုံးအသင်းမှ ကစား
သမား ၁၈ ဦး နှင့် တာဝန်ရှိသူ ၅ ဦး အသက်ဆုံးရှူံးခဲ့။
No comments:
Post a Comment