Sunday, September 18, 2011

မော်ရင်ဟို မိမိနေရာဆက်ခံရန် ထောက်ခံချက်ပေးသွားမည်

ဖာဂူဆန်သည်အနားယူသွားပါက၎င်းနေရာအားဆက်ခံရန်စပယ်ရှယ်ဝမ်းမော်ရင်ဟိုအားထောက်
ခံချက်ပေးသွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားလိုက်သည်။

ဖာဂူဆန်သည်ပေါ်တို၊ချဲယ်လ်ဆီး၊အင်တာမီလန်တို့၏နည်းပြဟောင်း၊လက်ရှိရီးရဲလ်မက်ဒရစ်
နည်းပြမဟာပြိုင်ဘက်ဟောင်းမော်ရင်ဟိုအားအိုးထရက်ဖို့ဒ်သို့ခေါ်ယူရန်ဆုံးဖြတ်ချက်ချထား
ပြီဖြစ်ကြောင်းထုတ်ဖော်ပြောကြားသွားခဲ့သည်။

သို့သော်မန်ယူအသင်း၏
ဘုတ်အဖွဲ့ဝင်အကြီးအကဲ
အချို့ကမော်ရင်ဟိုအား
နည်းပြအဖြစ်တာဝန်ပေး
အပ်ပါကအသင်း၏ပုံရိပ်
အားထိခိုက်နိုင်ကြောင်းသုံး
သပ်နေကြသည်။ဘုတ်အ
ဖွဲ့ဝင်အကြီးအကဲအချို့က
ကမ့်နူး၌ဘာစီလိုနာအ
သင်းအားရှုံးနိမ့်စဉ်ဘာစီလို
နာလက်ထောက်နည်းပြတီတိုဗီလာနိုဗာ၏မျက်လုံးကိုလက်ဖြင့်ပွတ်ခဲ့သည့်ကိစ္စနှင့်ပတ်
သက်ပြီးထောက်ပြပြောဆိုသွားခဲ့သည်။

၂၀၀၇ခုနှစ်ကအင်္ဂလန်မြေအားစွန့်ခွာသွားစဉ်ကတည်းကပေါ်တူဂီသားနှင့်ဖာဂူဆန်သည်အ
လွန်ရင်းနှီးသောမိတ်ဆွေများဖြစ်လာကြပြီး၊မော်ရင်ဟိုသာလျှင်မန်ယူအတွက်အသင့်တော်ဆုံး
နည်းပြတစ်ယောက်ဖြစ်ကြောင်းကိုဘုတ်အဖွဲ့နှင့်ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ကြောင်းသိရသည်။
စပယ်ရှယ်ဝမ်းနှင့် ဖာဂူဆန်တို့နှစ်ဦးစလုံးဖြင့် ခင်မင်ရင်းနှီးသူက -"အဲလက်စ်နဲ့ဂျိုးဟာအရမ်း
ရင်းနှီးကြတဲ့မိတ်ဆွေတွေပါ၊

ယူနိုက်တက်နည်းပြနေရာကိုဂျိုးဆက်ခံခွင့်ရဖို့အတွက်အဲလက်စ်ကမရရအောင်ကြိုးစားသွားမှာပ၊ ရီးရဲလ်မှာ ဂျိုးဟာ ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်နေရတယ်၊ ဒါပေမဲ့ အဲလက်စ်က အဲ့ဒါကို နားလည်ပေးတယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒီ ပြဿနာတွေဟာ လူမျိုးရေးဆိုတဲ့ အယူအဆ တစ်ခုကြောင့်မလို့ပါ" ဟု ထုတ်ဖော်ပြောကြား လိုက်သည်။
ဆက်လက်ပြီး -"ဂျိုးဟာသူ့နိုင်ငံအတွက်ဂုဏ်ယူဝင့်ကြွားနေတဲ့သူပါ၊

ဒါပေမဲ့စပိန်လူမျိုးတွေဟာပေါ်တူဂီလူမျိုးတွေကိုအထင်သေးတယ်၊ပေါ်တူဂီလူမျိုးတွေပေးတဲ့
အမိန့်ဆိုတာမျိုးကိုသူတို့မလိုချင်ကြဘူး၊အင်္ဂလန်မှာတော့အဲ့လိုမဟုတ်ဘူး၊ဂျိုးထွက်သွားက
တည်းကချဲယ်လ်ဆီးကစားသမားတွေဟာသူတို့အချစ်ရဆုံး၊တန်ဖိုးအထားဆုံးလူတစ်ယောက်ကို
ဆုံးရှုံးသွားသလိုခံစားနေကြရတယ်ဆိုတဲ့သတင်းတွေခဏခဏ ထွက်လာတယ်"ဟုပြောကြား
လိုက်သည်။

ဖာဂူဆန်၏အတွေ့အကြုံအရှိဆုံးကစားသမားဖြစ်သည်ဖာဒီနန်ကဖာဂူဆန်အနားယူသွားပါက
တစ်ဦးတည်းသောပုဂ္ဂိုလ်သာဖာဂူဆန်နေရာအားဆက်ခံရန်လုံလောက်သည့်အရည်အချင်းရှိသူ
ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထိုသူမှာစပယ်ရှယ်ဝမ်းဖြစ်ကြောင်းပြောကြားထားခဲ့ဖူးသည်။သို့သော်လည်းမော်ရင်ဟိုသည်မန်
ယူနည်းပြနေရာအတွက်ဘာစီလိုနာနှင့် ဖြစ်ပွားခဲ့သောပြဿနာကြောင့်အသင်း၏ပုံရိပ်အားထိ
ခိုက်နိုင်ကြောင်းယူဆနေကြသည့်လူအချို့အားကျော်လွှားနိုင်ရန်လိုအပ်နေသေးသည်။

ထို့အပြင်မော်ရင်ဟိုသည် ပြီးခဲ့သောချန်ပီယံလိဂ်ဘာစီလိုနာအသင်းဖြင့်ကစားသောပွဲစဉ်ကပြ
ဿနာကြောင့်ချန်ပီယံလိဂ်ပွဲကြီးကြပ်ခွင့်(၅)ပွဲပိတ်ပင်ခံထားရသူဖြစ်သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ