နိုင်ငံ၏ဖူးဖူးမှုတ်အရေးပေးခြင်းခံရသည့်လက်ရွေးစင်ကစားသမားများသည်နိုင်ငံအသင်းအတွက်
အောင်မြင်မှု့တွေရယူပေးနိုင်ဖို့အရိပ်အယောင်မတွေ့ရသေးဘူးလို့ပြောကြားလိုက်သည် ။
မန်နေဂျာအဆက်ဆက်
သည်သူတို့၏အလုပ်
အောင်မြင်မှု့ထက်အင်္ဂ
လန်ဘောလုံးအဖွဲ့ချုပ်က
ပေးသည့် မြင့်မားသည့်လ
စာကိုသာတပ်မက်စိတ်က
ပို၍များကြသည်ဟဝေဖန်
ခဲ့သည် ။သူက “ယခုလက်
ရှိလက်ရွေးစင်အဖြစ်ကစားနေကြတဲ့ကစားသမားအများအပြားကိုကြည့်ရင်ကလပ်မှာတော့တကယ့်ကမ္ဘာ့အဆင့်မီကစားသမားတွေအဖြစ်တွေ့ရမှာပါ ။
ဒါပေမယ့်တနိုင်ငံလုံးကဖူးဖူးမှုတ်အပစားပေးခံရတဲ့လက်ရွေးစင်ကစားပွဲတွေကျတော့ပေးဆပ်
ချင်စိတ်ကမရှိကြတော့ဘူး ။
အင်္ဂလန်ဘောလုံးအသင်းမန်နေဂျာနေရာကလည်းမကြာခဏဆိုသလိုတလှုပ်လှုပ်နဲ့ပါပဲ ၊ကျွန်
တော်ထင်ပါတယ်ခောတ်သစ်အင်္ဂလန်အသင်းရဲ့မန်နေဂျာတော်တော်များများဟာနောက်ဆုံး
တော့ပိုက်ဆံပိုက်ပြီးထွက်သွားကြတာပါပဲ”
“အင်္ဂလန်အသင်းလေးစားလောက်စရာအောင်မြင်မှု့ဆိုလို့၁၉၆၆ကအင်္ဂလန်မြေမှာကျင်းပခဲ့တဲ့
ကမ္ဘာ့ဖလားအောင်မြင်မှု့ပဲရှိတယ် ။
အကယ်၍များတစ်စုံတယောက်ကအင်္ဂလန်ဖလားမိုးခေါင်နေတာတွေကိုရပ်တန့်တော့မယ့်ကာလ
နီးနေပြီလားဆိုရင်ကျွန်တော်ထင်ပါတယ်ခင်ဗျားကတော့“YES”လို့ပဲလိုလိုလားလားဖြေမှာပါ၊ဒါ
ပေမယ့်ကျွန်တော်ကတော့အဲ့လိုဖြေမိမှာမဟုတ်ဘူး”
“အခုဆယ်စုနှစ်ရဲ့အစောပိုင်းကာလတွေမှာအင်္ဂလန်လက်ရွေးစင်အသင်းဟာကမ္ဘာ့ဖလား၂ ကြိမ်
မှာကွားတားဖိုင်နယ်၂ ခါရောက်ခဲ့တယ်။ဒါဟာဂုဏ်ယူစရာမဟုတ်ဘူး၊တောင်အာဖရိကကမ္ဘာ့ဖ
လားမှာအင်္ဂလန်အသင်းရဲ့ရလဒ်လိုမျိုးဆိုရင်တော့အလုံးစုံကျဆုံးလေခြင်းပေါ့ဗျာ”ဟု့ ပြင်းပြင်း
ထန်ထန်ဝေဖန်ပြောဆိုသွားခဲ့သည် ။
No comments:
Post a Comment