Thursday, September 15, 2011

၂၈ရက်နေ့မှာဂျပန်နိုင်ငံသို့ထွက်ခွာတော့မယ့်ဒုက္ခသည်တယောက်နဲ့အမေးအဖြေ

အာရှတိုက်မှာရှိတဲ့ဂျပန်နိုင်ငံကိုဒုက္ခသည်တွေရွှေ့ပြောင်းအခြေချခွင့်ပေးလာတာမို့မယ်လဒုက္ခ
သည် စခန်းထဲက ဒုက္ခသည်၂၆ယောက်ဟာလာမယ့်စက်တင်ဘာ၂၈ရက်နေ့မှာ
ဒုတိယအသုတ်အဖြစ်ထွက်ခွာကြမှာဖြစ်ပါတယ်။

အဲ့ဒီအထဲကဒုက္ခသည်စောဖတ်
လာကဂျပန်နိုင်ငံကိုပြောင်းရွှေ့အ
ခြေချဖို့ဘာကြောင့်ရွေးချယ်ရသ
လဲဆိုတာအခုလိုစပြောပါတယ်။
"ဂျပန်နိုင်ငံကကျနော်တို့နိုင်ငံနဲ့နီး
တယ်လေဂျပန်ကမိသားစုများတဲ့
သူတွေမခေါ်ဘူးဘာဖြစ်လဲဆို
တော့ကုန်ကျစရိတ်တွေများမယ်ပီးတော့ကိုယ်ထူကိုယ်ထရပ်တည်နိုင်ဖို့ခက်ခဲမယ်သူတို့ကအစိုးရကိုကုန်ကျစရိတ်တွေဖြစ်တဲ့ထွက်ခွာဖို့လေယဉ်ခနဲ့လက်မခံခင်စစ်ဆေးမှုဆင့်ဆင့်မှာကုန်ကျတဲ့စရိတ်တွေ ပြန်မပေးရတော့ဘူးသတို့အကုန်လုံးလုပ်ပေးမယ်ဟိုမှာရောက်ရင်လည်း၆လတိတိထောက်ပံ့မှုတွေပေးမယ်တခြာနိုင်ငံတွေမှာဆိုရင်တလနည်းနည်းစီးပြန်ပေးနေရတယ်လေး"
ဂျပန်နိုင်ငံကအကိုအတွက်အသင့်တော်ဆုံးနိုင်ငံဖြစ်တယ်လို့ယုံကြည့် ပြီးရွေးချယ်ခဲ့တာလား

"ဟုတ်ကဲ့ဒါကတော့တချို့လူတွေကအမျိုးမျိုးမြင်မှာပေါ့နော်ကျနော်ကဒီလိုစိတ်ကူးထားတယ်ကျ
နော်တို့ကရင်ဒုက္ခသည်တွေခြားနားတဲ့နိုင်ငံတွေမှာအခြေချနေထိုင်ခဲ့ပြီးဘာသာစကားအမျိုးမျိုး
ကျွမ်းကျင်လာမယ်ပြီးတော့ကရင်ပြည်နယ်လွတ်လပ်ရေးရတဲ့တစ်နေ့ကျရင်နိုင်ငံအသီးသီးက အ
ခြေချနေထိုင်ခဲ့သောကရင်လူမျိုးတွေပြန်လာပြီးမိမိတို့တတ်မြောက်ထားတဲ့ဘာသာစကားတွေကို
လုပ်ငန်းခွင်မှာဖြစ်စေအခြားနိုင်ငံများနဲ့ဆက်ဆံတဲ့အခါအဆင်ပြေသွားမှာပေါ့။"

ဂျပန်နိုင်ငံရောက်ရင်ဘာအခက်အခဲတွေနဲ့ ကြုံတွေ့နိုင်လဲခန့်မှန်းထားပါသလဲ။

"အဓိကကတော့ဘာသာစကားအခက်အခဲပဲဘာဖြစ်လဲဆိုတော့သွားဖို့လာဖို့မမေးတတ်မဖြေတတ်
စားချင်တာလဲမ၀ယ်တတ်လိုချင်တာလဲမပြောတတ်တဲ့အခက်အခဲတွေပေါ့ဒါပေမယ့်ရောက်ခါစ
ခြောက်လအတောင်းအတွင်းမှာသူတို့အားလုံးကူညီပေးတယ်။

အဲ့ဒီခြောက်လမှာ၁၂နှစ်အထက်လူတွေကိုတရက်လျင်ဂျပန်ငွေ၁၅၀၀ပေးတယ်ဒါပေမယ့်ကိုကမ
ချက်တတ်မပြုတ်တတ်ရင်အဲ့ဒီငွေနဲ့တခြာသူးတွေငှားပေးတာပေါ့အဲ့ဒီလူကဘာသာပြန်လုပ်ပေး
မယ် ချက်ပြုတ်သင်ပေးမယ် ကျနော်တိုကိုယ်တိုင်လုပ်တတ်တဲ့အထိပေါ့"

၂၀၁၀ခုနှစ်က ထိုင်း-မြန်မာနယ်စပ်အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့မယ်လစခန်းမှဒုက္ခသည်၂၇ဦး
ကိုပထမဆုံးအနေနဲ့ဂျပန်အစိုးရက၎င်းနိုင်ငံမှာအခြေချနေထိုင်ခွင့်ပြုခဲ့ပါတယ်။

၂၀၁၂အတွင်းမှာလည်းအုန်းဖြန်ဒုက္ခသည်တွေကိုဂျပန်နိုင်ငံကပထမဆုံးအနေဖြင့်လက်ခံသွားဖို့ရှိ
တယ်လို့အုန်းဖြန်စခန်းကော်မတီတွေကပြောပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ