Friday, September 16, 2011

မိုးတွင်းရောက်ပေမယ့်အိမ်မပြင်နိုင်တဲ့အုန်းဖြန်ဒုက္ခသည်တွေအခက်ကြုံ

ထိုင်းနိုင်ငံတာခ်ခရိုင်ဖိုးဖားမြို့နယ်မှာရှိတဲ့အုန်းဖြန်စခန်းကဒုက္ခသည်တွေအိမ်မိုးဖက်မပြင်နိုင်
ဖြစ်နေတဲ့အချိန်မှာမိုးရွာသွန်းမှုများလာတာကြောင့်ဒုက္ခသည်သုံးပုံတစ်ပုံလောက်ဒုက္ခတွေ့
ကြုံနေရတယ်လို့စခန်းလူမှုအဖွဲ့ထောက်ပံ့ရေးအသင်းဥက္ကဌစောဘလယ်စေးကပြောပါတယ်။

"ဒီနှစ်မိုးရွာတာအခြားနှစ်တွေနဲ့မတူဘူး
နေထွက်တာကိုတချက်မှမတွေ့ရသေး
ဘူးအိမ်မိုးဖက်မပြင်နိုင်တဲ့ဒုက္ခသည်
တွေတော့အခက်ကြုံရတာပေါ့ကျနော်
အိမ်နဲ့နီးတဲ့မိသားစုတွေဆိုးပလတ်စ
တစ်တွေနဲ့လိုက်ဖာပြီးမိုးမယိုတဲ့နေရာ
လေးမှာကပ်နေနေရတာပေါ့ဒုက္ခသည်
ဆိုတော့ကျောင်းတွေမှာတော့ဘာမှမ
ဖြစ်ပါဘူးတချို့ကျေင်းတွေမှာသွပ်ပြား
နဲ့ဆောက်မိုးထားတယ်လေ"
ဒီနှစ်ဆန်းပိုင်းမှာစခန်းထောက်ပံ့မှုတွေလျော့ချပြီးအိမ်ဆောက်ပစ္စည်းတွေလည်းလျော့ကာအိမ်
ဆောက်ဖို့လိုအပ်တဲ့သစ်၊၀ါး၊ဖက်တွေလုံလောက်စွာမရတဲ့အတွက်မတတ်နိုင်သေးတဲ့စခန်သူစ
ခန်းသားတွေအနေနဲ့အိမ်ကောင်းစွာမပြုပြင်နိုင်ပဲ့အခုလိုဒုက္ခကြုံနေရတာဖြစ်တယ်လို့အခက်
ကြုံနေရတဲ့အနိုင်ပါးကပြောပါတယ်။

"မိုးရွာတောတစ်အိမ်လုံးမိုယိုသွားတယ်ဘယ်လိုလုပ်ရမှန်းမသိတော့ဘူးမီးသွေးအိမ်နဲ့ဖာအ
ဆတ်တွေနဲ့လိုက်ဖာပြီးမယိုတဲ့နေရာမှာနေရတာပေါ့အခုလောလောဆယ်တော့ဒီးလိုပဲနေရမယ်
နောက်နှစ်ဖက်တွေပြန်ဝေမှပြင်လို့ရမှာပေါ့အပြင်ထွက်ပြီးအလုပ်လုပ်ဖို့လည်းလူထိုင်းအာဏာ
ပိုင်တွေမိရင်အနည်းဆုံးတရာဘတ်ပေးရတယ်တချို့လေးရာငါးရာတော်ပေးရတယ်ကျနော်
မိတာသုံးခါလေးခါလောက်ရှိပြီး"

အရင်နှစ်တွေကမိသားစုခြောက်ယောက်ရှိတဲ့သူတို့အနေနဲ့အိမ်မိုးဖက်တစ်ရာကျော်ရခဲ့ပေမယ့်
ဒီနှစ်မှာအိမ်မိုးဖက်လေးဆယ်ပဲရတယ်လို့သူကဆက်ပြောပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ