
ကြုံတွေ့ရကာစခန်းရိက္ခာဂိုဒေါင်သုံး
လုံးပျက်စီးလို့အခုချိန်မှာစားနပ်ရိ
က္ခာပြတ်လတ်မှုနဲ့ ကြုံတွေ့နေရသ
လိုတီဘီဘီစီထိုင်း-မြန်မာနယ်စပ်
လူသားချင်းစာနာထောက်ပံ့ရေးအ
သင်းအနေနဲ့စားနပ်ရိက္ခာသယ်ယူပို့
ဆောင်ဖို့လည်းလမ်းကြောင်းမ
ကောင်းသေးလို့နိုဝင်ဘာလအ
တွက်ရိက္ခာတွေမယ်လာအူးစခန်းမှာယူစားရမှာဖြစ်တယ်လို့စောဘောဖိုးကပြောပါတယ်။
"ကျနော် ရိက္ခာတွေက ပျက်စီးဆုံးရှံးတာ ဆန်အိပ် နှစ်ထောင်ကျော်သုံးထောင်လောက်ရှိတယ်လေ ကျနော်တို့ အတွက် တစ်မိုးအတွက် အလုံအလောက်ပေးထားတဲ့ ဆန်တွေ ဒီလိုပြဿနာနဲ့ကြုံတွေ့နေရတော့ လိုနေတဲ့ ရိက္ခာတွေ တီဘီဘီစီက မယ်လာအူးစခန်းမှာ သွားယူခိုင်းတာပေါ့"
မယ်လာအူးကနှေ မယ်ရာမိုမှာ ရိက္ခာသယ်ယူဖို့ နောက်တစ်ပတ်အတွင်းမှာ စခန်းနှစ်ခုမှ စခန်းကော်မတီတွေ သယ်ယူရမယ့် လမ်းကြောင်းကို ဆွေးနွေးပြီး ရိက္ခာတွေကို သယ်ယူမှာ ဖြစ်တယ်လို့ သူဆက်ပြောပါတယ်။
ရေဘေးသင့်ခဲ့တဲ့ မယ်ရာမိုဒုက္ခစခန်းမှာ လူနေအိမ် ၄၀၆လုံး၊ မူယူချောင်းကို ဖြတ်ကျော်သည့် ကြိုးတံတားကြီး အပါအ၀င် စခန်းရှိ တံတားငယ် ၁၀စင်း၊ ရိက္ခာဂိုဒေါင် ၃လုံးမှ ဆန်အိတ် ၂၉၇၀အိတ်၊ ဆား ၆၃အိတ်၊ ပဲ ၃၃၂အိတ်၊ စားသုံးဆီ ၁၃၆ပုံး၊ Asia Mix (ဂျုံမှုန့်) ၂၅၅အိတ်၊ ငါးပိ ၆၅ပုံး ပျက်စီးခဲ့တယ်လို့ (KRC)၏ မှတ်တမ်းအရ သိရပါတယ်။
စခန်းအထဲမှာ ပျက်စီးခဲ့တဲ့ မုယူချောင်းကူးဖြတ်ဖို့တံတားနဲ့ တခြား တံတားငယ်တွေကို ပြန်လည်ပြုပြင်ပြီးစီးပြီး ဖြစ်ပါတယ်။ စခန်းက လမ်း၊ တံတားတွေနဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့တဲ့ ကုန်ကျစရိတ်က သန်းနဲ့ချီတယ်လို့ စခန်းဥက္ကဌကပြောပါတယ်။
No comments:
Post a Comment