Tuesday, September 20, 2011

ကမ္ဘ့ာအကောင်းဆုံးလေ့ကျင့်ရေးကွင်းသစ်ကိုတည်ဆောက်

မန်စီးတီးအသင်းသည်ကမ္ဘာ့ အကောင်းဆုံးလေ့ကျင့်ရေးကွင်းသစ်ကြီးကို တည်ဆောက်မည့်
၎င်းတို့၏အကြံအစည်ကို လျှိုဝှက်မထားပဲ ထုတ်ဖော်ပြောဆိုလိုက်သည်။ ဧက(၈၀)ကျယ်မည့်
၎င်းတို့၏ကွင်းသစ်ကြီးကို မန်ချက်စတာမြို့အရှေ့ဘက်တွင် အပြီးသတ်တည်ဆောက်နိုင်ရန်
နှစ်ပေါင်းများစွာအချိန်ယူရမည်ဖြစ်သည်။

ပထမဆုံးအဆင့်အနေဖြင့်
ပထမဆုံးအဆင့်အနေဖြင့်
ဒီဇင်ဘာလတွင်အဆိုပါ
ကွင်းသစ်တည်ဆောက်
ခွင့်အစီအစဉ်ကိုခွင့်ပြုနိုင်၊
မပြုနိုင်ကိုသိရှိနိုင်မည်ဖြစ်
သည်။ကွင်းသစ်ကြီးအစီအစဉ်
တွင်ထိုင်ခုံ(၇၀၀၀)ဆန့်ပွဲ
ကြည့်စင်တစ်ခုအပါအ၀င်
လေ့ကျင့်ရေးကွင်းပေါင်း
(၁၅)ကွင်းနှင့်စီနီယာက
စားသမားများနှင့်လူငယ်
များအတွက်အိပ်စက်နားနေရာအဆောက်အအုံတို့ပါဝင်မည်ဖြစ်သည်။


ပိုင်ရှင်သစ်လက်အောက်မှာကလပ်အသင်းပြုလုပ်ခဲ့သမျှမှာဒီကွင်းသစ်ကြီးအစီအစဉ်ကက
လပ်အသင်းရဲ့အရေးအပါဆုံးရင်းနှီးမြှပ်နှံမှုဖြစ်နိုင်ပါလိမ့်မယ်။

ဒီကွင်းသစ်ကြီးအစီအစဉ်ကကာလရှည်ကြာစွာထိန်းထားနိုင်မယ့်အောင်မြင်မှုအတွက်မဟာဗျူ
ဟာမြောက်(၁၀)နှစ်စီမံကိန်းရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။

လွန်ခဲ့တဲ့ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်နဲ့အက်ဖ်အေဖလားအောင်မြင်မှုကိုကလပ်အတွင်းမှာအ
ပြောင်းအလဲတစ်ခုအနေနဲ့မြင်တွေ့ခဲ့ရပါတယ်။

ဒီအပြောင်းအလဲကနောက်ထပ်ပြောင်းလဲမှုတွေကိုစတင်နိုင်မယ့်လက္ခဏာရပ်တွေပါပဲ။ကျွန်
တော်တို့လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကကလပ်အသင်းရဲ့အသည်းနှလုံးဖြစ်တယ်ဆိုတာကိုကျွန်
တော်တို့သိရှိပါတယ်။

ဈေးကွက်အတွင်းရင်းနှီးမြှပ်နှံတာကကျွန်တော်တို့ကိုခိုင်မာတဲ့အဆင့်တစ်ခုကိုရောက်အောင်
အကူအညီပေးနိုင်ခဲ့ပါတယ်။ဒီအဆင့်မှာပဲကစားသမားဖွံ့ဖြိုးတိုးတက်ရေးတွေသက်သာချောင်
ချိရေးနဲ့ထိပ်တန်းအဆင့်အသုံးအဆောင်တွေကိုရင်းနှီးမြှပ်နှံသွားရမှာပါ။

ကစားသမားသစ်တွေကိုလက်မှတ်ရေးထိုးခေါ်နိုင်ခဲ့တာကခေါင်းကြီးသတင်းဖြစ်ပေမယ့်အစော
ပိုင်းရက်တွေမှာနောက်ကွယ်ကပုံရိပ်တွေကိုပြောင်းလဲစေခဲ့ပါတယ်။ဒီဖွံ့ဖြိုးတိုးတက်ရေးစီမံ
ကိန်းအတွက်အချိန်(၃)နှစ်စီစဉ်ထားနိုင်ခဲ့ပါတယ်။။

ဒီ(၃)နှစ်အတွင်းစီးတီးအသင်းကအရာရှိတွေကိုအာဆင်နယ်အသင်း၊ဘာစီလိုနာအသင်းနဲ့
အေဂျက်အသင်းတွေတင်မကနိုင်ငံပြင်ပကNew York Giantsအသင်း၊LA Lakersအသင်း၊
New Yoke Knicksအသင်းနဲ့သြစတြေးလျားအားကစားအင်စတီကျူတွေဆီစေလွှတ်ခဲ့မှာပါဟု
မန်စီးတီးအသင်း၏အားကစားအမှုဆောင်ချုပ်ဘရန့်မာဝုဒ်ကလူငယ်စီမံကိန်းအစီအစဉ်ကို
ပြောဆိုခဲ့သည်။

အခြားလေ့ကျင့်ရေးကွင်းများသို့အလည်အပတ်အများဆုံးသွားရောက်ခဲ့သည့်စီမံကိန်းအတိုင်
ပင်ခံနိုက်ခ်စမစ်ကလည်းကျွန်တော်တို့ရဲ့လူငယ်လေ့ကျင့်ရေးစီမံကိန်းကကမ္ဘ့ာအကောင်းဆုံး
လေ့ကျင့်ရေးကွင်းဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ထားပါတယ်ဟုပြောဆိုသွားခဲ့
သည်။

ထို့အပြင်မာဝုဒ်ကလူငယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ကုန်ကျစရိတ်အားလုံးကိုအသေးစိတ်မ
ဖော်ပြခဲ့ပဲ၊မန်စီးတီးအသင်းသည်မြေယာများစွာဝယ်ယူထားပြီးကြောင်း၊ယင်းထဲမှမြေယာအ
များစုသည်လေထုညစ်ညမ်းစေခဲ့သည့်စက်မှုဇုံမြေယာဟောင်းများဖြစ်ကြောင်းနှင့်ထိုမြေယာ
များကိုရှင်းလင်းသန့်စင်ရေးလုပ်ငန်းစဉ် ပြုလုပ်နေကြောင်းပြောဆိုခဲ့သည်။

မန်စီးတီးအသင်းသည်(၅.၅)ဧကမြေနေရာကို (၆)ထပ်မြင့်ကောလိပ်တစ်ခု၊လူထုရေကူးကန်
သစ်တစ်ခုထောက်ပံပေးမည့်အစီအစဉ်အပါအ၀င်သီးသန်လူမှုနားနေရာအဖြစ်အသုံးပြုသွား
မည်ဖြစ်ကြောင်းကတိပေးပြောဆိုခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ