Sunday, September 18, 2011

ဒီကေဘီအေမှတိုက်ခိုက်ရေးအတွက်အုပ်စုအသစ်ဖွဲ့စည်း

နအဖ၏နယ်ခြားစောင့်တပ်အစီအစဉ်ကိုလက်မခံပဲစစ်အစိုးရကိုပြန်လည်တိုက်ခိုက်သည့်စော
လားပွယ်ဦးဆောင်သောဒီကေဘီအေတပ်ရင်း(၅)ကလို့ထူးဘောသည်တိုက်ခိုက်ရေးအတွက်
ကလို့ထူးဝါးနှင့်ကလို့ထူးလားအမည်ရှိသည့်နောက်ထပ်တိုက်ခိုက်ရေးအုပ်စု(၂)စုကိုဖွဲ့စည်း
လိုက်ကြောင်းသိရှိရသည်။

အသစ်ဖွဲ့စည်းလိုက်သည့်အုပ်စု၏အ
မည်များမှာကလို့ထူးဝါးနှင့်ကလို့ထူး
လားတို့ဖြစ်သည်။ကလို့ထူးဝါးအုပ်စုကို
စောကျော်သက်ကဦးဆောင်ပြီးကော့
ကရိတ်နှင့်ဘုရားသုံးဆူဘက်တွင်တာ
ဝန်ယူလှုပ်ရှားနေရသည်။နောက်ထပ်
တိုက်ခိုက်ရေးအုပ်စုဖြစ်သည့်ကလို့
ထူးလားကိုစောဘိကဦးဆောင်ပြီးမြဝ
တီဒေသ၊မြိုင်ကြီးငူဒေသ၊ဘားအံနှင့်
လှိုင်းဘွဲဒေသတ၀ိုက်တွင်တာဝန်ယူ
လှုပ်ရှားနေသည်။

အဆိုပါတိုက်ခိုက်ရင်းအုပ်စုတစ်အုပ်စုချင်းစီအောက်တွင်တပ်ရင်း(၃)ရင်းနှင့်ဗဟိုဌာနလုံခြုံရေး
အတွက်တပ်ရင်း(၂) ရင်းရှိသည်။

အသစ်ဖွဲ့စည်းလိုက်သည့်တပ်ရင်းတွင်ပါဝင်သောတပ်သားတစ်ဦးချင်းစီမှာစစ်တပ်၏ခံယူချက်
နှင့်စည်းကမ်းပိုင်းများဖြစ်သည့်လူထုအပေါ်အနစ်နာခံသည့်စိတ်ဓါတ်၊ကိုယ်စားစာနာသည်စိတ်
နာသည့်စိတ်ဓါတများရှိရန်လိုအပ်ကြောင်းကိုမြ၀တီဒေသတွင်တာဝန်ယူရသည့်စစ်သား
တစ်ဦးကပြောပြသည်။


လက်နက်ကိုင်တပ်များနှင့်ပြည်သူလူထုများပူးပေါင်း၍ကြံ့ဖွံ့အစိုးရအားတော်လှန်တိုက်ခိုက်ရေး
မှာအသစ်ဖွဲ့စည်းလိုက်သည့်တိုက်ခိုက်ရေးအုပ်စု၏အဓိကရည်မှန်းချက်များဖြစ်သည်ဟုသိရှိရ
သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ