ရရှိခဲ့သည့် သူ၏ အသင်းအား အလွန်ပင် အားရ ကျေနပ်လျှက် ရှိနေပြီး အဆိုပါပွဲတွင် သူကိုယ်
တိုင်လည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။

ကျွန်တော်တို့ ကောင်းကောင်း ကစားခဲ့ပြီး ဒီကွင်းကြီး ကနေပြီး ပျော်အရွှင်စွာ ထွက်ခွါနိုင်ခဲ့တဲ့
အတွက် ဖြစ်ပါတယ်။ ကျွန်တော် သွင်းယူခဲ့တဲ့ ဂိုးတွေအတွက် အသင်းဖေါ်တွေကို ကျေးဇူးတင်
ပါတယ်၊ သူတို့ဟာ ကျွန်တော့ကို ကူညီခဲ့ပြီး ကျွန်တော်ကလည်း သူတို့ကို ပြန်လည် ကူညီနိုင်ခဲ့
ပါတယ်။ ကျွန်တော်တို့ဟာ ချန်ပီယံ ဆုနဲ့ ထိုက်တန်တဲ့ အသင်းတစ်သင်း ဖြစ်နေပြီး ဒီလိုသာ
ဆက်ကစားနိုင်မယ်ဆိုရင် ကျွန်တော်တို့ လာလီဂါဖလားကို ဆွတ်ခူးပါလိမ့်မယ်။´
ဒီအသင်းမှာ ဘယ်အချက်က အရေးကြီးဆုံးလဲဆိုရင်၊ ကျွန်တော်က ဂိုးတွေ သွင်းပြီး ကူညီ
ပေးဖို့ ကြိုးစားပါလိမ့်မယ်၊ ဒါပေမယ့် စုပေါင်းအားက ပိုပြီး အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
အခုဆိုရင် ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲမှာ အကောင်းဆုံး ဖွင့်လှစ်နိုင်ခဲ့ပါပြီ၊ တစ်ခြား အသင်းတွေ
ဘာလုပ်တယ်ဆိုတာကို ကျွန်တော်တို့ အာရုံစိုက်စရာ မလိုပါဘူး၊ ကျွန်တော်တို့ ကစားရမယ့် ပွဲ
တိုင်း နိုင်အောင်ပဲ ကျွန်တော်တို့ အာရုံစိုက်ထားရမှာ ဖြစ်ပြီး ကျွန်တော်တို့ အသင်း အကြောင်း
ကိုသာ ကျွန်တော်တို့ တွေးတော ရပါလိမ့်မယ်။´
ကာကာ ကောင်းနေတာ ကျွန်တော်တို့အတွက် အလွန်ပင် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်၊
ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ဟာ အသင်းတစ်သင်း ဖြစ်ပြီး ကျွန်တော်တို့ အားလုံး ကစား
ဖို့ ကြံ့ခိုင်မှု ပြည့်ဝနေရပါမယ်၊ တစ်ကယ်လို့ ကျွန်တော်တို့ အတူတစ်ကွ စုစုစည်းစည်း မရှိဘူးဆို
ရင် ကျွန်တော်တို့ ဘာကိုမှ အောင်မြင်မှာ မဟုတ်ပါဘူး။´
No comments:
Post a Comment