နေတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်ဘက်ခြမ်းက အီတူထကရင်ဒုက္ခသည် စခန်းမှ ဒီအတော အ
တွင်းမှာ လုံခြုံရေး တာဝန်ရှိသူတွေက ဒုက္ခသည်တွေရဲ့ အထုတ်အပိုးတွေ အဆင်သင်ပြင် ထား
ဖို့ ညွန်ကြား ထားတယ်လို့ စခန်းတာဝန်ရှိသူ ဖီးတကလာ ကပြောပါတယ်။
အီတူထ ဒုက္ခသည်စခန်းနဲ့နီးတဲ့အစိုးရစစ်တတ်စခန်းတွေတတ်အပြောင်း
အလဲရှိမှာ အီတူထဒုက္ခသည်စခန်း
ကို လာရောက်တိုက်ခိုက်နိုင်လို့ အ
ဆင်သင့်ပြင်ထားခိုင်းတာဖြစ်တယ်
လို့ အီတူထ စခန်းတာဝန်ရှိသူဆရာ
မ ဖံတကလာ ကပြောပါတယ်။
“စစ်အစိုးရတပ်တွေကတပ်အပြောင်း
အလဲမှာ စစ်အစိုးရတပ်ကလုပ်ရှားမှု
များလာတယ်လေး သူ
တို့ တပ်က ကျမတို့ စခန်းနဲ့ နီးနီးလေးပဲဆိုတော့ ကျမတို့ အဆင်သင့် ပြင်ခိုင်းတာပေါ့။
ဒီက လူတွေက ဒါကို အမြဲပဲ စိုးရိမ်ရတယ် ကျမဆို ကိုယ့် ဝန်ရာဝတ်စတွေ အိပ်ထဲမှာ ပဲ အမြဲတမ်း
ထားထားတယ်” ကရင်ပြည်နယ်တပ်မဟာ ၂ဖြစ်တဲ့ တော်ငူခရိုင်က ၂၀၀၅မှာတက်လာတဲ့ ဒုက္ခ
သည်တွေဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ ထိစပ်တဲ့ ကရင်ပြည်နယ် ဒေသတွေမှာ တိုက်ပွဲများ ဖြစ်ပွားတာမရှိ
လို့ ထိုင်းနိုင်ငံဘက်ကို ဒုက္ခသည်အနေနဲ့ လက်မခံလို့ ပြည်တွင်းဘက်မှာ အီတူထ ဒုက္ခသည်စခန်း
ကို ဖွင့်ခဲ့ပါတယ်။
လူဦးရေ ငါးထောင်နီးပါးရှိတဲ့ အီတူထ ကရင်ဒုက္ခသည်စခန်းမှာ ကေအဲန်အဲလ်အေ လက်နက်ကိုင်
တတ်ဖွဲ့ရဲ့ ထိမ်းချုပ်မှုအောက်မှာ နေထိုင်ပြီး ဒုက္ခသည်တွေက ဆန်ကလွဲလို့ အခြားထောင့်ပမှုမရှိ
ဘူးလို့ သိရပါတယ်။
No comments:
Post a Comment