များအား ရိုက်ချိုးကာ၊ ကန်တိုနာကဲ့သို့ မန်ယူအသင်း၏ ဂန္တ၀င်တစ်ဦးဖြစ်လာမည့် ကစား
သမား တစ်ဦးဖြစ်ကြောင်း ဆာဘော်ဘီ ချာလ်တန်က ထုတ်ဖော်ပြောကြားလိုက်သည်။

အများဆုံးသွင်း
သည့်စံချိန်အားရွန်း
နီရိုက်ချိုးသွားနိုင်
ပြီး ရွိုင်ယန်ဂစ်၊ဂျော်
ဂျီဘတ်စ်၊ဒန်းနစ်
လောစသည့်မန်ယူ
အသင်း၏ စံချိန်ရှင်
များကဲ့သို စံချိန်ရှင်
ဂန္တ၀င်တစ်ဦး
ဖြစ်လာမည်ဟု ဆာဘော်ဘီက ထင်ကြေးပေး လိုက်သည်။
ဆာဘော်ဘီက -"ရွန်းနီဟာ နောက်ဆယ်စုနှစ်တစ်ခုကြရင် တစ်ခြားကစားသမားတွေလို ဂန္တ
ဝင်ကစားသမားကြီး တစ်ယောက် ဖြစ်လာနိုင်တဲ့ အလားအလာရှိပါတယ်၊သူသာ တကယ်အဲ့
လိုဖြစ်လာမယ် ဆိုရင်၊ ကျွန်တော့်လောက် ပျော်တဲ့သူ မရှိတော့ဘူး ထင်တယ်၊ သူဟာ ပြောရ
ဆိုရလွယ်တဲ့ လူငယ်လေး တစ်ယောက်ဖြစ်သလို၊ ပြောသမျှကိုလည်း အာရုံစိုက် နားထောင်
တတ်တဲ့ လူကောင်းလေး တစ်ယောက်ပါ"
တစ်ခါတစ်လေကျရင် ကျွန်တော်သူ့ကို မှာစရာရှိလာပြီ ဆိုရင်လည်း သူက လိုလိုလားလားနဲ့
ကို နားထောင်ပေးတယ်၊ ပေးတဲ့အကြံကို လက်ခံသလို၊ လက်ခံတဲ့တိုင်းလည်း သူလုပ်ဆောင်
တယ်၊ ၀ိန်းဟာ တစ်ခြား ကစားသမားတွေ မစွမ်းဆောင်နိုင်တာကို ကြိုးစားလုပ်ဆောင် တတ်
တဲ့ ထူးခြားတဲ့ ကစားသမားပါ" ဟုချီးကျုးသွားခဲ့သည်။
အသက် (၂၅)အရွယ်သာ ရှိသေးသော်လည်း၊ အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်နေ
သော အဲဗာတန် ကစားသမားဟောင်း ရွန်းနီအား ဆာဘော်ဘီ ခုလောက်ရှိ အသင်းမှာ ရှိနေ
တဲလူငယ် ကစားသမားလေးတွေအတွက် ရွန်းနီဟာ စံပြတစ်ယောက်လို ဖြစ်နေလိမ့်မယ်၊ နီကီ
ဘတ်၊ ဒေးဗစ်ဘက်ဟမ်း၊ နဗီးလ်၊ ပေါလ်စခိုးတို့တုန်းက သူတို့ပတ်ဝန်းကျင်မှာ ကန်တိုနာ
တစ်ယောက်လုံး ရှိနေခဲ့တယ်၊
အဲ့ဒီ ၁၉၉၅ခုနှစ်တုန်းက လူငယ်အဖွဲ့ကို ကန်တိုနာဦးဆောင်ခဲ့ပြီး၊ ခုမျိုးဆက်ကိုကျတော့ ရွန်း
နီ ကဦးဆောင် ပေးလိမ့်မယ်၊ ရွန်းနီဟာ သေချာပေါက် ကန်တိုနာလို စွမ်းဆောင်ပြ နိုင်လိမ့်
မယ်" ဟုချီးကျူးသွားခဲ့သည်။
No comments:
Post a Comment