Tuesday, September 6, 2011

မန်ယူကို ရှုံးခြင်းသည် အရှက်ရစရာတစ်ခုဖြစ်ကြောင်း ၀င်းဂါး ၀န်ခံ

အာဆင်နယ် နည်းပြ ၀င်းဂါးသည် ယမန်နေ့ (၂၈/၀၈/၂၀၁၁) မန်ယူအသင်းနှင့် အဝေးကွင်း
ပွဲစဉ်တွင် ၈း၂ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ အသင်း အတွက် အရှက်ရစရာ တစ်ခုဟု ၀န်ခံ ခဲ့သော်လည်း
ရာထူးမှ နုတ်ထွကမည် မဟုတ်ပေ။ သို့သော် ယခုပွဲအ၀င် နောက်ဆုံး ၃ ပွဲတွင် အနိုင်ရလဒ်နှင့်
ဝေးကွာ နေခဲ့ပြီး ၂ ပွဲရှုံး၊ ၁ပွဲသရေရလဒ်ရရှိကာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားတွင် အဆင့်
၁၇ သို့ ထိုးကျသွားခဲ့သည့် အာဆင်နယ် အတွက် ၀င်းဂါး အနေဖြင့် ဖိအား ၀င်နေရပြီ ဖြစ်သည်။

ယခုနှစ်တွင်
ဖာဘရီဂတ်စ်
နှင့် နာဆရီတို့
ထွက်ခွာသွား
ခြင်းက ၀င်း
ဂါးအတွက်
စိတ်မသက်
သာစရာ ဖြစ်
စေခဲ့သလို
ယခင် အာ
ဆင်နယ်
ကစားသမားဟောင်း ပေါလ်မာဆန်ကလည်း ၎င်း၏ဆရာဟောင်း ၀င်းဂါးကိုရုပ်သံမှတစ်ဆင့်
ဦးတည်၍ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

သို့သော် ၀င်းဂါးသည် ရာထူးမှ နုတ်ထွက် မှာလားဆိုသည့် မေးခွန်းကို " ရာထူးကနေ ကျွန်တော်
မထွက်ပါဘူး။ မန်ယူအသင်းကို ရှုံးတာဟာ ကျွန်တော်တို့အတွက် အထိနာစေသလို အရှက်ရစရာ
လည်းဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အူဒီးနီးစ်နဲ့ ကစားခဲ့လို့ ကျွန်တော်တို့
အသင်း ပွဲပန်းနေခဲ့တယ် ဆိုတာ ခင်ဗျားတို့လည်း မြင်ပါလိမ့်မယ်။


သူတို့က ပိုကောင်းနေလို့ ကျွန်တော်တို့ကို အခုလို ကစားသွားခဲ့တာပါ။ မန်ယူနဲ့ ပွဲမှာ ကျွန်တော်
တို့ခံစစ်ပိုင်းမှာ အားနည်း ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကျွန်တော်တို့ အမှတ်တွေ အလဟသတ်
မဖြစ်စေမယ့် အခွင့်အရေးမျိုးတော့ ရခဲ့ပါတယ်။

အခုပွဲမှာ ကျွန်တော်တို့က ကြံ့ခိုင်မှုအပိုင်းမှာ အတော်ကို ကျဆင်းခဲ့ တယ်လို့ မြင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ရပါမယ်” ဟုဆိုသည်။ အာဆင်နယ် အသင်းသည် ကွင်းလယ်လူ
တစ်ဦးနှင့် ခံစစ်ကစားသမား တစ်ဦးတို့ကို ခေါ်ယူရန် လိုအပ်နေပြီး ယင်း ကစားသမားများ
ရှာဖွေနေစဉ်အတွင်း မည်သည့်ဝေဖန်မှုကိုမဆို ခံယူရန် အသင့်ရှိကြောင်း ၀င်းဂါးက ပြောကြား
ခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ