လာတဲ့ ဒုက္ခသည်တွေ သုံးလကြာ ရိက္ခာမပေးပဲ ဧည့်သည်အနေနဲ့ လက်ခံထားရာကနေ အခုလာ
မယ့်လကစပြီး ရိက္ခာစပေးဖို့ ဒီလ ၆ရက်နေ့မှာ စာရင်းကောက်ယူ စစ်ဆေး နေတယ်လို့ စခန်းလူ
သစ်တာဝန်ခံ အတွေးရေးမှူးနှစ် စောဂျန်းနေကပြောပါတယ်။
စီ( ထိုင်း-မြန်မာနယ်စပ်လူမှုစာနာထောက်ပံ့ရေးအသင်း)က ရိက္ခာဓါတ်ပုံ နဲ့အတူ ရိုက်ပေးပြီး အ
သိအမှတ်ပြု သွားမှာ ဖြစ်တယ်လို့ စောဂျန်းနေကပြောပါတယ်။
“ကျနော်တို့ လူသစ်ကော်မတီတွေကတော့ အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေရိက္ခာရဖို့စစ်ဆေး
တာပါ။ ကျနော်တို့ စစ်ဆေးတာဘာမှအထူးအဆန်းတော့မဟုတ်ပါဘူး သူတို့ဘယ်လိုလာရတာလဲ၊
ဘယ်ဒေသကလာပြီး ဘယ်သူဆီမှာ မှီခိုနေလဲနဲ့ ဒီမှာရောက်တော့ဘာအကူအညီမျိုးလိုချင်လဲ ဒီ
မေးခွန်း တွေပဲ။ ဒီလ ၂၀ရက်နေ့မှာ တီဘီဘီစီက ရိက္ခာဓါတ်ပုံလာရိုက်ပေးပြီး နောက်လမှာ သူတို့
ရိက္ခာရပြီ”
ဇွန်လကစပြီး အခုချိန်ထိ ရောက်ရှိလာတဲ့ ဒုက္ခသည် နှစ်ရာနီပါးရှိပြီး စခန်းထောက်ပံ့မှု တစုံတခုမှ
မရရှိ သေးပဲ အရာအားလုံး အသိနဲ့ အမျိုးဆီမှာ မှီခိုနေရလို့ သူတို့အတွက် အလိုအပ်းဆုံးကကိုယ့်
အိမ် ကိုယ့် ယာနဲ့ နေရဖို့ပဲဖြစ်တယ်လို့ လူသစ်ဖြစ်တဲ့ နော်ခူဆဲကပြောပါတယ်။
“ကျမကိုဘာလိုအပ်လဲမေးတော့ ရိက္ခာတို့မိသားစုအတွက်နေအိမ်တွေလိုတာပေါ့ ကျမဘာမှ မရ
သေး ဘူး လေ ကျမ အိမ်မရှိယာမရှိ ဦလေးဆီမှာပဲ ကပ်နေကပ်စားနေရတယ် ဆိုတော့ ကျမတို့
လည်း အားနာလာပြီ၊ ကိုယ့်အိမ်နဲ့ကိုယ်ဆိုရင် အေးဆေးနေရမှာပေါ့”
ဒီနှစ် မေလနှောင်းပိုင်းက တာခ်ခရိုင်ဝန်ညွှန်ကြားချက်နဲ့ ဒုက္ခသည်စခန်းမှာ အမှန်တယ်နေထိုင်
တဲ့ ဒုက္ခသည် စာရင်းကို ကောက်ခံပြီး လူသစ်တွေလက်မခံတော့ဘူးလို့ ထိုင်းအာဏာပိုင်တွေက
စခန်းကော်မတီတွေကို အသိပေးပြောကြားထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ
လာတဲ့ လူသစ်တွေ ဧည့်သည်အနေနဲ့ လက်ခံထားပြီး အခုမှ အသစ်ရောက်လာတဲ့ ဒုက္ခသည်အ
နေနဲ့ လက်ခံလိုက်တာဖြစ်ပါတယ်။
No comments:
Post a Comment