Friday, September 9, 2011

DKBA ကို အသိအမှတ်မပြုကြောင်း KSDDP သဘောထား ထုတ်ပြန်

ကရင်ပြည်နယ်တွင်DKBAအမည်ခံ၍နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုဖျက်ဆီးနေသည့်အဖွဲ့
အစည်းအားDKBAအဖြစ်အသိအမှတ်မပြုကြောင်းဘားအံမြို့ရှိကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့
ဖြိုးတိုးတက်ရေးပါတီ(KSDDP)ကစက်တင်ဘာလ၂ရက်နေ့တွင်သဘောထားကြေညာချက်
ထုတ်ပြန်လိုက်သည်။

စက်တင်ဘာလ(၃)ရက်နေ့တွင်
မြန်မာ့အလင်းနှင့်ကြေးမုံသ
တင်းစာပါထိုသဘောထားကြေ
ညာချက်တွင်DKBAကိုနိုင်ငံ
တော်ဖွဲ့စည်းပုံအခြေခံဥပဒေ
နှင့်အညီ“နယ်ခြားစောင့်တပ်”
အဖြစ်တပ်ရင်း(၁၂)ရင်းဖြင့်ဖွဲ့
စည်းထားခဲ့ပြီးအသက်၅၀ကျော်
အရာရှိစစ်သည်ဟောင်းများကို
လည်း“ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ”အဖြစ်တရားဝင်ဖွဲ့စည်းဆောင်
ရွက်လျက်ရှိပြီးဖြစ်သည့်အတွက် DKBAဟူ၍မရှိတော့ကြောင်းရေးသားထုတ်ပြန်ထားခြင်းဖြစ်
သည်။ပေါင်း(၄)ရွာရှိပြီးနအဖခလရ(၅၆၁)မှာထိုကျေးရွာများအတွက်ပြည်သူ့စစ်ကိုစည်းရုံးဖွဲ့
စည်းပေးခဲ့ခြင်းဖြစ်သည်။

KSDDP၏သဘောထားထုတ်ပြန်ချက်မှာကြံ့ဖွံ့အစိုးရ ဦးသိန်းစိန်၏ ခိုင်းစေမှုကြောင့်သာဖြစ်
ကြောင်းဒီကေဘီအေကလို့ထူးဘောဗျူဟာမှဗိုလ်မှူးစောဆန်းအောင်ကယခုလို ပြောသည်။

“အဲဒီပါတီက ကြံ့ဖွံ့စစ်အစိုးရ ဦးသိန်းစိန်ရဲ့ ခိုင်းတာလုပ်၊ကျွေးတာစား၊ပြောခိုင်းတာပြောနေရ
တဲ့သူတွေ။ ဒီကေဘီအေရှိမရှိဆိုတာကားလမ်းပေါ်ထွက်ပြလို့ ပြည်သူတွေသိပြီးသား။ အစိုးရ
DKBAကိုပပျောက်စေချင်တာကြာပြီ။ ဒီအစိုးရကတိုင်းရင်းသားအားလုံးနဲ့ ကမ္ဘာကိုလှည့်စားနေ
တာပဲ။”ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်နိုဝင်ဘာ၈ရက်နေ့မှစ၍ရွေးကောက်ပွဲကိုဆန့်ကျင်ကာအစိုးရတပ်ကိုပြန်လည်
တိုက်ခိုက်နေသည့် ဗိုလ်ချုပ်စောလားပွယ်ဦးစီးသောDKBAကလို့ထူးဘောဗျူဟာတပ်ဖွဲ့ည်ယခု
အချိန်တွင်ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့်ပူးပေါင်းလက်တွဲကာအစိုးရတပ်များကိုဆက်
လက်တိုက်ခိုက်သွားမည်ဟုလည်းဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

ယခုလက်ရှိအချိန်တွင်ရွေးကောက်ပွဲကိုလက်မခံခဲ့သည့်ကလို့ထူးဘောအခြေစိုက်DKBAနှင့်မြိုင်
ကြီးငူတစ်ဝိုက်ရှိနယ်ခြားစောင့်တပ်ကိုဆန့်ကျင်တော်လှန်ခဲ့သည့်ဗိုလ်မှူးစောဘိဦးစီးသောအဖွဲ့
ကလည်းDKBAအဖြစ်သာဆက်လက်ရပ်တည်ရင်းကေအဲန်အယ်လ်အေတပ်ဖွဲဝင်များနှင့်အတူ
အစိုးရစစ်တပ်ကိုပြန်လည်တိုက်ခိုက်လျှက်ရှိသည်။

ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ(Karen State Democracy and
Development Party)ကိုဥက္ကဌစောသာထူးကျော်၊ဒုဥက္ကဌစောအောင်ငွေနှင့်အတွင်းရေးမှူး
စောသန်းမြတို့ဖြင့်၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ဖွဲ့ည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီးလက်ရှိကရင်
ပြည်နယ်၏ စီးပွားရေးဝန်ကြီးဦးစိုင်းချစ်လှိုင်မှာKSDDPပါတီမှဖြစ်သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ