ပြည်ထောင်စုအစိုးရအဖွဲ့ကိုဆက်သွယ်ပြီးတော့စကားပြောဆိုဆွေးနွေးဖို့လမ်းဖွင့်ထားတယ်လို့
လွန်ခဲ့တဲ့သီတင်းပတ်တပတ်ကျော်ကနေပြည်တော်မှာတရားဝင်ပြောဆိုခဲ့ပါတယ်။

တွေဘက်ကတော့အခုထိဘာအရိပ်အယောင်မှ
မတွေ့ရသေးပါဘူး။
တိုက်ပွဲတွေဆက်ဖြစ်နေသလို မြန်မာအစိုးရတပ်
ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်းရှိနေ
တုန်းပဲလို့ ဖြစ်ပါတယ်။
အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်
တဲ့ကရင်အမျိုးသားအစည်းအရုံးKNUကလည်း
ငြိမ်းချမ်း ရေးအတွက် အမြဲ တံခါးဖွင့်ထားပါ
တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တဖွဲ့ချင်းတော့
စကားပြောဆိုဖို့ အစီအစဉ် မရှိတဲ့အကြောင်း
KNU အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး
နော်စီဖိုးရာဇိန် က ပြောပါတယ်။
“ကျမတို့ကတော့ KNU အနေနဲ့ကတော့ ငြိမ်းချမ်းရေးစကားပြောဖို့ကျမတို့အမြဲပဲတံခါးဖွင့်ထား
တယ်။ ဒါပေမဲ့စကားပြောမယ်ဆိုရင်တဖွဲ့ချင်းဖွဲ့ချင်းစီမဟုတ်ဘဲတိုင်းရင်းသားတခုလုံးအနေနဲ့
စုပေါင်းပြီးတော့စကားပြောဖို့ဆိုတာကိုချထားတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအများစုပါဝင်တဲ့တိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီUNFCဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းထားပြီးတော့အားလုံးကိုယ်စားအဲဒီအဖွဲ့ကစကားပြောမယ်လို့ ပြောထားတာပါ။”
သမ္မတဦးသိန်းစိန်ကတဘက်မှာငြိမ်းချမ်းရေးစကားပြောနေပေမဲ့တိုင်းရင်းသားနယ်မြေတွေမှာ
တော့တိုက်ပွဲတွေကဆက်ဖြစ်နေပြီးစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်းရှိနေဆဲ
ပါလို့ KNUအထွေထွေအတွင်းရေးမှူးနော်စီဖိုးရာဇိန်ကပြောပါတယ်။တချိန်တည်းမှာပဲပြည်နယ်
်အစိုးရတွေကငြိမ်းချမ်းရေးညှိနှိုင်းတဲ့အဖွဲ့တွေဖွဲ့စည်းပြီးတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
တွေဆီစကားပြောဆိုဖို့စေလွှတ်နေပြီဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်နေပါတယ်
No comments:
Post a Comment