စားနေသည့် ဗီယက်နမ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာမြန်မာအသင်းသည် ဗီယက်နမ်အသင်း
အား အရှုံးဖြင့်နောက်မှလိုက်ကစားကာနောက်ကျဂိုးနှစ်ဂိုးဖြင့်ဗီယက်နမ်အမျိုးသမီးအသင်းအား
နောက်ကောက်ချ ကစားနိုင်ခဲ့သည်။

တွင်လာအိုအသင်းအား၎း၀ဖြင့်အ
နိုင်ရရှိလာသည့်ထိုင်းအသင်းနှင့်
အုပ်စုမကျေပွဲအား ဖိုင်နယ်တွင်
ပြန်လည်ရင်ဆိုင်ရတော့မည် ဖြစ်
သည်။ဗီယက်နမ်အသင်းသည်ပ
ထမပိုင်းတွင် မြန်မာအသင်းအား
ဖိကစားထားနိုင်ခဲ့ပြီးမြန်မာအ
သင်းသည်ပထမပိုင်း၄၃မိနစ်တွင်ဗီယက်နမ်အသင်း၏ ဦးဆောင်ဂိုးကို အသွင်းခံခဲ့ရသည်။ ထို့ပြင်
ပထမပိုင်းပွဲပြီးခါနီးတွင်နောက်ခံလူသီတာဦးကြောင့် ပေးခဲ့ရသည့် ပင်နယ်တီအား ဂိုးသမား မေ
ခင်ယမင်း ကာကွယ်နိုင်ခဲ့သည်။
သို့သော်လည်း စင်ကာပူ ဒိုင်လူကြီး ဖြစ်သူက ထပ်မံ ကန်သွင်းရန် ညွှန်ကြားခဲ့သောကြောင့် ဒုတိ
ယအကြိမ် ဗီယက်နမ်တို့ ကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးသမားဖြစ်သူ မေခင်ယမင်းက အံ့ဖွယ်
လက်စွမ်းပြပြီး ဗီယက်နမ် ကစားသမား ဖြစ်သူ နူရန်တီတောင်၏ ဘယ်ဘက် ဂိုးထောင့်သို့ ကန်
သွင်းမှု့အား အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင်မူ မြန်မာအမျိုးသမီးတို့ မလျော့တမ်း ပြန်လည် အကောင်းဆုံးကစားနိုင်ခဲ့ပြီးကွင်း
လယ်ကစား သမား ဖြစ်သူ သန်းသန်းထွေးကမိနစ်၆၀တွင်အနိမ့်ဘောကန်သွင်းယူခဲ့ကာ ဗီယက်
နမ်အသင်းဘက်သို့ ခြေပဂိုး ရယူပေးခဲ့သည်။
ထို့နောက်ပိုင်း မြန်မာတို့ ဗီယက်နမ်အပေါ် ဖိအားပေး ကစားနိုင်ခဲ့ပြီး လူစားဝင် လာသည့်တိုက်
စစ်မှူးနော်အာလိုဝါးဖောက၇၉ မိနစ်တွင်အနိုင်ရရှိစေမည့်ဂိုးအားသွင်းယူပေးနိုင်ခဲ့သည့်အတွက်
ပွဲစဉ်အပြီးတွင် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ဗီယက်နမ် အသင်းအပေါ်တွင် မြန်မာလက်
ရွေးစင် အမျိုးသမီး အသင်း အောင်ပွဲခံနိုင်ခဲ့သည်။
မြန်မာ လက်ရွေးစင် နည်းပြချုပ် ဖြစ်သူ ဂျပန်နည်းပြက -'' ပထမပိုင်းမှာ ဗီယက်နမ်အသင်းနှင့်
ဂိုးမရှိ ရလဒ်နဲ့ ပြီးဆုံးသွားဖို့ အစီအစဉ် ရှိခဲ့တာပါ။ ပထမပိုင်းပြီးခါနီးမှာ ဂိုးပေးရတဲ့ အတွက် ကျွန်
တော်တို့ စိတ်ပျက်ဖွယ်ရာ အချို့နဲ့ ကြုံခဲ့ရပေးမယ့် ကစားသမားတွေကို ဒုတိယပိုင်းမှာ စိတ်အေး
အေးထားပြီး ဖိအားတွေ အရမ်းမရှိဖို့ ကျွန်တော် ပြောခဲ့ပါတယ်။
ဗီယက်နမ်အသင်း ကစားအား ကျဆင်းသွားချိန်မှာ တောင်ပံတွေကနေ တန်ပြန်အကောင်းဆုံး
ကစားနိုင်ခဲ့ပြီး ဒီအရာကပဲ ပွဲအဆုံးမှာ ကွာခြားမှု့ကို ဖြစ်ပေါ်စေခဲ့တာပါ' ဟုပြောဆိုသွားခဲ့သည်။ ယခုနိုင်ပွဲကြောင့် မြန်မာ အသင်းသည် ဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်သွားခဲ့ပြီး အုပ်စုတွင်းတွင် ရှုံးနိမ့်ခဲ့သည့် ထိုင်းအမျိုးသမီးအသင်းနှင့် မကျေပွဲပြန်လည် ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
No comments:
Post a Comment