ကမ်းက ရပ်ကွက် ၇(က)ဟာထိုင်းအာဏာပိုင်တွေကနေရာအရွှေ့အပြောင်းလုပ်လာခိုင်းတယ်လို့
မယ်ရာမို စခန်း အတွေးရေးမှူး စောပုကပြောပါတယ်။

ရိုင်တို့ နှစ်ဖက်ဆိုင်နယ်စပ်မှာရှိတဲ့ မဲစရီး
ယားချောင်းတစ်ဖက်က ရပ် ကွက် ၇(က)
နဲ့သစ်ဖိုးလားရပ်ကွက်နှစ်ခုကို၇ရက်နေ့
ကထိုင်းအာဏာပိုင်တွေနဲ့လူမှုအဖွဲ့အစည်း
နဲ့ ဆွေးနွေး ပွဲမှာ ထိုင်းအာဏာပိုင်တွေက
အဲ့ဒီနယ်မြေကနေ စာရွက်စာတန်းနဲ့အညီ
ရွေ့ပြာင်းခိုင်းတာဖြစ်တယ်လို့ စောပု က
ပြောပါတယ်။“ကြားတာကတော့ရေကြီးတဲ့အချိန်ကသတင်းကထွက်လာပြီးဒါပေမယ့်ဒီလ၇ရက်နေ့
စည်းဝေးပွဲမှထိုင်းအာဏာပိုင်တွေညွန်ကြားလာတာဖြစ်တယ်။ ဒုက္ခသည်တွေအဲ့ဒီနေရာမှာနေထိုင်
လာတာ သဘာဝပတ်ဝန်း ကျင် ပဲဖြစ်ဖြစ်၊ ထိုင်းနိုင်ငံအတွက်ဘာမှ အနှောက်အယှက်မပေးပါဘူး
ဒါပေမယ့်အခုမှရွေးပြောင်းခိုင်တာလဲတော့မသိတော့ဘူး””
အဲ့ဒီလို ရွှေ့ပြောင်းခိုင်ပေမယ့် ဒုက္ခသည်တွေအတွက် ငါးဆယ်ရာခိုင်နုန်းလောက် နစ်နာမယ့် ကုန်
ကျစရိတ်တွေ ဘယ်အဖွဲ့အစည်းမှ ထောက်ပံ့မှုမပေးလို့ ဒုက္ခသည်တွေ အခက်ကြုံရလိပ်မယ့်လို့ စ
ခန်းကော်မတီတွေက ပြောပါ တယ်။
ဒီဒုက္ခသည်တွေပြောင်းရွေ.ရမည့်အရေးနှင့်ပါတ်သက်ပြီးတော့ စခန်းမှူးမှ အကြောင်းစုံ ရှင်းပြမှာ
ဖြစ်ပါတယ်။ “ “
မယ်ရာမို ရပ်ကွက် (၇) တွင် အိမ်ခြေ (၄၀၀) ခန်.ရှိပါတယ်။ ရွေ့ပြောင်းခံမယ့် ဒုက္ခသည်များအနေ
ဖြင့် စိုးရိမ်ချက်များ ရှိတဲ့အကြောင်းကို ဒုက္ခသည်တဦးက ဒီလိုပြောပြပါတယ်။
“ “
ထိုင်းအာဏာပိုင်တွေနဲ့ နားလည်မှုယူပြီး နေရာအရွှေ့အပြောင်းမှု မဖြစ်လာအောင်စခန်းကော်မတီ
တွေက ကြိုးစားနေဆဲဖြစ်ပါတယ်။
မယ်ရာမိုစခန်းထဲတွင် ရပ်ကွက်၁၊ ၂၊ ၃၊ ၄၊ ၅ (က၊ခ)၊ ၆ (က၊ခ)၊ ၇(က၊ခ)နှင့် သစ်ဖိုးလါးရပ်ကွက်
များရှိပြီး စခန်းမှာ မဲ့စရီးယမ်းမြို့နဲ့ (၁၅၀) ကီလိမီတာအကွာတွင်တည်ရှိပါတယ်။ ဒုက္ခသည်ဦးရေ
ပေါင်း (၁၉၃၁၇)ဦးရှိပြီး ဤဒုက္ခသည်များက ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တောင်ငူခရိုင်၊ ညောင်
လေးပင်ခရိုင်၊ သထုံခရိုင်နှင့် ဖားအံခရိုင်မှ ရွာသူရွာသားများဖြစ်ပါတယ်။
No comments:
Post a Comment