Monday, October 10, 2011

ပေါ့ဆမှု တစ်ခုကြောင့် ပေးဆပ်မှု ကြီးသွားသည့် တောင်အာဖရိက အသင်း

မရည်ရွယ်သောပေါ့ဆမှုလေးတစ်ခုကြောင့်တောင်အာဖရိကနိုင်ငံသည်(၂၀၁၂)ခုနှစ်၊အာဖရိ
က ဖလား ၀င်ရောက် ယှဉ်ပြိုင်ခွင့်ကို လက်လွှတ်ဆုံးရှုံး ခဲ့ရပြီ ဖြစ်သည်။တောင်အာဖရိကနည်း
ပြ အဖွဲ့နှင့် တာဝန် ရှိသူများသည် အာဖရိက ဖလား ခြေစစ်ပွဲတွင် ပြဋ္ဌာန်းထားသောစည်းမျဉ်း
များကို တိတိကျကျ လေ့လာခဲ့ခြင်း မရှိသည့် အတွက် ပေးဆပ်မှု ကြီးမား ခဲ့ရသည်။

အဆိုပါပွဲစဉ်တွင်တနင်္ဂနွေ
နေ့ကတောင်အာဖရိက
သည်အိမ်ကွင်းတွင်ဆီရာ
လီယွန်အသင်းနှင့်ခြေစစ်ပွဲ
ကစားခဲ့ရသည်။အဆိုပါပွဲ
စဉ်တွင်သရေတစ်မှတ်ရရုံ
မျှဖြင့်အသင်းအနေနှင့်ခြေ
စစ်ပွဲအောင်မြင်မည်ဟု
နည်းပြဖြစ်သူပစ်ဆိုမိုဆီ
မိန်းကယုံကြည်နေပြီးသ
ရေရရန်သာဦးတည်ကစား
ခဲ့သည်။ ထို့အပြင်မျှော်လင့်
သည့်အတိုင်းပွဲအပြီးသရေ
ကျနေချိန်တွင်တောင်အာဖ
ရိကအသင်းမှာခြေစစ်ပွဲ
အောင်ပြီအမှတ်ဖြင့်တပျော်
တပါး အောင်ပွဲခံနေခဲ့သေး
သည်။သို့သော်လည်း နောက်ပိုင်းတွင်မှမိမိတို့သည်ဆီရာလီယွန်အားအနိုင်ယူကာ(၃)မှတ်
အပြည့်မရလျင်ခြေစစ်ပွဲမအောင်နိုင်ကြောင်းမိုဆီမိန်းနှင့်ကစားသမားများသိရှိလာရသည်။

သို့သော်လည်းထိုအခါတွင်များစွာအချိန်နှောင်းသွားပြီ ဖြစ်သည်။ပြိုင်ပွဲစည်းမျဉ်းများကိုတိတိ
ကျကျမလေ့လာထားသည့်တောင်အာဖရိကမှာHead to Head ရလဒ်အရခြေစစ်ပွဲမအောင်
မြင်တော့ဘဲ (၃)သင်းအပြိုင် အနေအထားတွင် နိုက်ဂျားက အသာစီး ရသွားသည်။ နိုက်ဂျား

သည်အာဖရိက ဖလား ပြိုင်ပွဲတွင် ပထမဆုံး အကြိမ် ယှဉ်ပြိုင်ခွင့် ရသွားခြင်းလည်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မိုဆီမိန်းက "တောင်အာဖရိက အတွက် သိပ်ဝမ်းနည်းမိပါတယ်။ တကယ်တော့ကျွန်တော်တို့ဟာ လာမယ့်နှစ် ပြိုင်ပွဲမှာ ၀င်ကစားဖို့ ထိုက်တန်ပါတယ်။

ဒါပေမဲ့ခုချိန်မှာတော့အရာရာရှုံးနိမ့်သွားပြီလို့ခံစား နေရပါတယ်"ဟု ပြောကြားသွားသည်။ တောင်အာဖရိကသည် (၂၀၁၀) ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကြီးကို ဟာကွက်မရှိ တာဝန်ယူ လက်ခံ ကျင်းပခဲ့သော်လည်း (၁)နှစ်အကြာတွင်ပင် ပေါ့လျော့မှုလေး တစ်ခုကြောင့် ကြေကွဲစရာ အခြေအနေ တစ်ခုကို မလွှဲမရှောင်သာ လက်ခံခဲ့ရခြင်း ဖြစ်သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ